အပိုင်း (13)
သူကို လုံးဝ တစ်ချက်တောင် စိတ်ပူစကား မဆိုးပဲနဲ့ ကား လေးကို စိတ်ပူနေတဲ့ ဒယ်ဒီကို သူစိတ်နာလိုက်တာ ဖြစ်နိုင်ရင် ဒီက ထွက်သွားချင်တယ် လုံးဝ ဒယ်ဒီမရှိတဲ့ နေရာမှာ သူနေ ချင်တယ် ဒယ်ဒီမိန်းမနဲ့ မမစုရင်းပါ အားလုံးနဲ့ ဝေးရာ သူကို သိနေတဲ့ သူဘယ်သူမှ မရှိတဲ့ နေရာလေးတစ်ခု မှာ နေချင် တယ် ငိုချင်တယ်........ဒါက သူစိတ်ထဲက ဖြစ်ချင်တာတွေ ပါ.........မိထွေးဖြစ်သူက ပါးနပ်တယ် အခုချိန်မှာရှောင်ကျန့် သာ ပြဿနာတက်ရင် သူအဖေနဲ့ သခင်လေးဆိုတဲ့ လူက လည်း ရှောင်ကျန့်ကို မကောင်းတဲ့ သူလို့ ထင်ရင် သူသမီးအ တွက် အခွင့်အရေးပိုရပြီး ရွေးချယ်တာ မှန်တယိဆိုပြီးတန်ဖိုး ထားလိမ့်မယ်...... ဒါဆိုသူမ သခင်ကြီးရှောင်ရဲ့ ဒေါသကို မြှင့်ပေးဖို့လို တယ်..........
"အစ်ကိုရယ် ကလေးကိုမပြောပါနဲ့ အခုမှ ပြန်လာတာ ကြောက် သွားပါဦးမယ်...... ပြောမယ်ဆို သမီးကို အပြစ် တင် ရမှာ......ကားကို စီးပြီး ဘရိတ်မကောင်းတာ ဘာမှ မပြော ထားတော့ ကလေးက ယူစီးသွားတာပေါ့........"
သူတို့အချင်းချင်းပြောနေတာက သူတို့ ကားပြင်ဆိုင် မပို့ ခိုင်းပဲ သူယူပြီး စီးတဲ့ပုံမျိုးပြောနေတာက ဘာကြောင့် အဲ့ဒီလို ပြောနေရတာလဲ သူနားမလည်းပေ....... ဒါကြောင့် သူပြောပြဖို့ လုပ်နေတာကို ရိပ်မိတဲ့ ရှောင်ကတော်ကသမီး ဖြစ် သူကို ရှောင်ကျန့်အား ထိန်းထားရန် မျက် ရိပ်ပြလိုက် တယ်......သူ့အမေ ဘာကို ဆိုလိုလဲဆိုတာကို နားလည်တဲ့ စုရင်းလည်း သဘောပေါက် ကြောင်းအချက်ပြလိုက် တယ်.........
"ဒယ်ဒီ သမီးမေ့သွားတာ မပြောလိုက်မိတာက သမီးရဲ့ အပြစ်ပဲ မောင်လေးကို ထိခိုက်မိသွားတာ...... မောင်လေး ဘယ်နား နားသွားတာလဲ......"
ပြောရင် ရှောင်ကျန့်လက်ကိုကိုင် လိုက်တယ် သူမတို့ရဲ့ အပြု အမူကို ကြောင်ကြည့်နေတဲ့ ရှောင်ကျန့်ကို မသိမသာ လက် သည်း အရှည်တွေနဲ့ ကုတ်လိုက်ရာ အားပါတာကြောင့် ခြစ် ရာ အကြောင်းလိုက်ကြီး ဖြစ်သွားပြီး သွေးစို့သွားတာ ကြောင့် နာလွန်းလို့ မျက်ရည်ဝဲသွားတာကို မဲ့ပြီး ကြည့်လိုက် တယ် သူမစိတ်ထဲမှာတော့ ဒီလောက်လေး ပွတ်လိုက်လို့ ဖြစ်သွားတာကို ငိုမဲ့မဲ့ ဖြစ်နေတဲ့ ရှောင်ကျန့်ကို တမင် သခင်လေး သူကို အာရုံစိုက်အောင် လုပ်ချင်နေတယ်လို့ ထင် မိတယ်......သခင်လေး ရှောင်ကျန့်ကို သနားသွားလို့ မဖြစ် ပေ......... ဘယ်သူမှ မမြင်အောင် ရှောင်ကျန့် နားကို ကပ် ပြီး.......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...