မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး(U+Z)

3.2K 237 20
                                    

အပိုင်း (47)

ခေါင်းလေးတစ်ခါခါနဲ့ မျက်ရည်ဝဲနေတဲ့ ကောင်လေးကို အရ သာခံကြည့်လိုက်တယ်....... ချိန်မေရဲ့ သားက သေခါးနီးတောင် စိတ်ဆင်းရဲပြီး သေစေရမယ်.......yiboကတော့ အ ကွယ်ကနေ ထွက်ပြီး ယုန်လေးငိုနေတာကို ချော့ပေးချင်မိ တယ်..... ဒါပေမဲ့ သူလုပ်လို့မဖြစ်ပေ ကျစ်ကျစ်ဆိုတဲ့ မိန်းမ စိတ်အေးလက်အေး ဖြစ်နေမှ ယုန်လေး အန္တရာယ်ကင်း မှာလေ....... ဖြစ်နိုင်ရင် ဒီမိန်းမကို အရေးခွံခွာပြီး ဆားပတ်ပြီး ရိုက်သတ်ချင်မိနေတယ်.....

"နင့်ရဲ့ အဘွား ရှောင်မုတ်ကြင်ရဲ့ အမေကို သတ်လိုက်တာ ငါပဲလေ.....ငါ့ သတ်ပြီး တကယ် သေသွားတာဟုတ်မဟုတ် စစ်ဆေးနေတုန်း လူသံကြားလို့ အကွယ်မှာ ငါ့ဝင်ပုန်းနေလိုက် တယ်...... ကံဆိုချင်တဲ့ နင့်အမေက အိမ်ကို အရင်ပြန်ရောက် လာပြီးတော့ အဘွားကြီးကို ပွေ့ပြီး အသက်ကယ်ဖို့ ကြိုးစားတာလေ....... သူကယ်ဖို့ ကြိုးစားပေမယ် အဘွားကြီးကသေနေပြီလေ...... ဒါပေမဲ့ အပြင်က ပြန်လာတဲ့ ရှောင်သခင်ကြီးက ပြန်လာတော့ နင့်အမေကို လူသတ်တယ်ဆိုပြီး စွပ်စွဲတယ်....... သနားစရာ နင့်အမေက သူမ မသတ်ပါဘူးလို့ ငြင်းရှာပေမဲ့ ရှောင်သခင်ကြီးက လုံးဝယုံကြည့်မပေးဘူး..... ရှောင်သခင်ကြီး ထင်တာက သူမက သူ့အမေရှောင်သခင်မကြီးကို မကျေနပ်လို့ သတ်တယ်တယ်လို့ ထင်နေတယ်လေ... ပြီးတော့ သူက နင့်အမေကို အရမ်းမုန်းနေတဲ့သူမို့..... နင့်အမေကို လူသတ်သမားဆိုပြီး လူတွေ အကုန်သိအောင် လုပ်ပြစ်မယ် နင့်ကိုလည်း လူသတ်သမားရဲ့ သားဆိုပြီး လူတော မတိုးအောင် လုပ်ပြစ်မယ်ဆိုပြီး နင့် အမေကို ချိန်းခြောက်တော့ နင့်အမေက သူမ ခံစားရတာ ဘာမှ မဖြစ်ပေမယ်...... နင့်ကို ထိခိုက်မှာ ကြောက်တာကြောင့် ရှောင်သခင်ကြီးကို ဒူးထောက်ပြီး တောင်ပန်းခဲ့တယ်...... ရှောင်သခင်ကြီးကပြောလိုက်တာက နင့်အမေကို သေပေးမယ်ဆိုရင် နင့်ကို လုံးဝ လူသတ်သမား သားလို့ မပြောပါဘူးလို့ ပြောတော့ နင့်အမေ နင့်ကို နှုတ်ဆက်ပြီး ကားဆီးဝင်ပြေးပြီး ကားတိုက်ခံလိုက်တာ ဒါတွေက နင့်ကြောင့် သူမသေတာ...... နင့်ကို ငဲ့ပြီး သူကိုယ်တိုင် သတ်သေ သွားတာ...... တကယ်တော့ ရှောင်မုတ်ကြင် တွက်လိုက်တာက ချိန်မေသာသေသွားရင် သူမ ပိုင်သမျှ ပစ္စည်းတွေ အကုန်လုံး သူရပြီလို့ပေါ့......ဘယ်သူ ထင်မလဲ နင့်အမေက သူမပိုင်သမျှ ကုန်ကုန် ပြောရရင် ရှောင်သခင်ကြီးမယူနိုင်လို့ ကြံတော့တဲ့ ဘိုးဘွားပိုင် ရတနာ တွေကို သူမရှေ့နေကနေ တစ်ဆင့် နင့်ကို လွှဲခဲ့တယ်ဆိုတော့ ...... ဒေါသ ဖြစ်လွန်းလို့ သွေးတောင်တက်သွားသေးတယ်...... နင့်အမေကနင့်ကို ကာကွယ်နိုင်အောင် တမင် အမွေတွေကို လွှဲခဲ့တာ...... သူမသာ နင့်ကိုမလွှဲခဲ့ရင် ရှောင်သခင်ကြီးက နင့်အမေသေရင် နင့်ကိုပါ အပျောက်ရှင်းဖို့ရည်ရွယ်ထားတာ..... ဒါပေမဲ့ နင့်အမေက အရမ်းထက်တယ် သူမရော သူမသားလေး ရှောင်ကျန့်လေးပါသေသွားရင် အခု ကလေးအမည်နဲ့ လွှဲထားတဲ့ အမွေတွေကို မိဘမဲ့ဂေဟာတို့ ပြန်လည် ထူထောင်ရေးနေရာတွေမှာ လှူဒါန်းပေးဖို့ ရှေ့နေကို ပြောခဲ့တာလေ..... ဒါကြောင့် နင့်အမွေရမဲ့ နေထိ ရှောင်သခင်ကြီးက သီးခံပြီး စောင့်ခဲ့တယ်....... နင့်အမွေတွေ လွဲဲပြီးရင်နင်ကို့ တစ်ခါ တည်းရှင်းဖို့ နင့်အဖေက ကြိုတင် အစီစဥ်ဆွဲထားတာ..... ကံ ကောင်းသွားတာက ငါ့က နင့်ကို ကားမှောက်ပြီး သေအောင် လုပ်လိုက်လို့ နင့်အဖေ မသတ်ဖြစ် လိုက်တာ...... နင့်အရမ်းကံကောင်းသွားတာ ဒါပြင် နင့်ကို စောင့်ရှောင်ပေးတဲ့ သူကလည်း အဆင့်သင့်မို့ နင့်ဒီနေ့ထိ အသက်ရှင်တာ ရှောင်ကျန့်......."

မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)Where stories live. Discover now