အပိုင်း (36)
အိမ်လေးထဲမှာပဲ ငြိမ်နေပြီး အိမ်အလုပ်ကလေးတွေ လုပ်နေတဲ့ ယုန်လေး အရင်က ဟင်းလေးတွေကို မချက်တက်ချက်တတ်နဲ့ ချက်ပေးတဲ့ ကလေးကို yiboတစ်ယောက် အန္တရာယ် မဖြစ်အောင် သင်းပေးခဲ့တာ အခုဆို ကျွမ်းကျွမ်း ကျင်ကျင်လေးကို ချက်တက်နေပေပြီ....... တကုတ်ကုတ်နဲ့ အလုပ်လုပ်နေတဲ့ ယုန်လေးကို ကြည့်ပြီး သူပြုံးမိတယ်......"ဟိတ်........ ကလေးလေး ဘာတွေချက်နေတာလဲ....."
သူအော်လိုက်တော့ ကိုယ်လေးတုန်သွားပြီး လန့်သွားကာ နောက်လှည့်ကြည့်တဲ့ ချစ်သူလေးကို ကြည့်ရင်း ပြုံးမိတယ်.....ဘယ်လိုပဲ နေနေသူအတွက်ကတော့ လုံးဝ ချစ်လို့မဝတာတော့ ဘာနဲ့မှ မနှိုင်းယှဥ်နိုင်ပေ........
"ဟင့်...... yibo အစောကြီးပြန်လာတယ် နေမကောင်းလို့ လား..... "
သူကို စိုးရိမ်နေတဲ့ ကလေးလေးကို ကြည့်ပြီး သူစချင်လာမိတာကြောင့်.......
"ကိုယ်နေမကောင်းဘူး...... အဲဒါက ဒီက ယုန်လေးကြောင့် ကိုယ်ကို အဖြေပြန်မပေးတော့ ကိုယ်ကို ထားသွားမှာကြောက် နေရတယ်.... ဘယ်နေ့ကိုယ်နားက ထွက်သွားမလဲဆို ပြီး စိုးရိမ်နေရတာ မင်းမှ မသိဘဲ......... "
သူမျက်နှာ မကောင်းစွာပြောလာတော့.......
"ဟို..... အဲလို မဟုတ်ပါဘူး..... ကျန်ကျန့်ကတောင် တောင်
ပန်းရမှာပါ........ ကျန်ကျန့်မှာက ဘာမှရှိတာမဟုတ်ဘူး...... အားလုံးက yiboဆီက အကူအညီယူနေရတာပါ....... အဲလောက်ထိ ကျန်ကျန့်က တန်ဖိုးရှိတာ မဟုတ်ပါဘူး...... နောက်ကျရင် ကျန်ကျန်လို လူကို ရိုးသွားပြီး ထားခဲ့မှာ ဆိုးလို့ပါ...... "ပြောပြီး မျက်နှာလေး ညှိုးကျသွားတာကြောင့် yiboပြာပြာသလဲ ဖြစ်သွားကာ......
"ဟိတ်........ မျက်နှာက ဘာလို့ ညှိုးသွားတာလဲ ကိုယ်ပြောတာ မင်းကို စိတ်ညစ်စေဖို့ ပြောတာ မဟုတ်ပါဘူး....... မင်း ကို ကြိုက်နေတဲ့ ဟိုချင်းသခင်လေးကလည်း ရှိသေးတယ်.... သူတို့နဲ့ ယှဥ်ရင် ကိုယ့်က ဘာမှမရှိဘူး အားငယ်တယ် မင်းကို ယုံရင်တောင် ကံကြမ္မာကို ကိုယ်မယုံဘူး ပြီးတော့ တစ်ချိန်ချိန်မှာ မင်းအဖေက ကိုယ့်ဆီကနေ မင်းကို ပြန်ခေါ်သွားရင် ကိုယ်မင်းကို သူတို့ဆီက ပြန်ပြီး လုနိုင်အောင် မင်းရဲ့ ချစ်တယ်ဆိုတဲ့ အဖြေလေးက ကိုယ်အတွက် ခွန်းအားလေး အ ဖြစ် တောင်းခံတာပါ...... ကိုယ်ကို ချစ်တယ်မလားဟင်...... ဘယ်သူက မင်းကို ဘာလိုမြင်မြင် ကိုယ် အတွက်ကတော့မင်း က တော်ဝင်တဲ့ သူပါ ကိုယ်ကြောင့် မင်းကို မျက်နှာလေးတစ်ချက် ညှိုးမှာကို မလိုလားဘူး......."
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...