အပိုင်း (3)
ကြီးကျယ်ခန်းနားတဲ့ ရှောင်အိမ်တော်ရဲ့ ခြံဝန်းထဲ ခြေချမိ လိုက်တာနဲ့ သူအတွက် မွန်းကြပ်ခြင်း ဆိုတဲ ဝေဒနာကို ခံစား မိတယ်..... သူမနေချင်းဆုံးနေရာ တစ်ခုကို ပြပါဆိုရင် သူ ပြောမိလိမ့်မယ် ဒီရှောင်အိမ်တော်နှင့် ဝေးရာကို သွားချင်မိတယ်........ ဒါပေမဲ့ သူကို သွားခွင့်မရအောင် သူရဲ့ အတောင်ပံတွေကိုရိုက် ချိုးထားခဲ့တယ်.........
"မေမေရဲ့ ဂုဏ်သိက္ခာနဲ့ ယှဥ်ရင် သားရဲ့ နာကျင်ခံစားရမှုက ဘာမှ မဟုတ်ဘူးမေမေရယ်........ သားမေမေကို အရမ်းချစ် တယ်...... သားအထီးကျန်စံတယ် သိလား မိသားစုရှိတယ်လို့ ပြောပေမယ်...... ဒါက တကယ့် ကျွန်တော်ရဲ့ မိသားစုတွေလား မေမေ ကျွန်တော် မေမေထားခဲ့တဲ့ အမွေတွေကို မလိုပါဘူး ဒါပေမဲ့ ဒယ်ဒီက သားကို မေမေထားခဲတဲ့ ပစ္စည်းတွေနဲ့ သူရဲ့ ငွေတွေကို သားက အလားကားရသွားမှာ မလိုချင်ဘူးတဲ့ သိလားမေမေ သားပြောနေတာ ကြားတယ်မလားဟင်......."
အရိပ်ကလေးကျနေတဲ့ အိမ်ကြီးရဲ့ အဝရှေ့ မှာ အားငယ်စွာရပ်ပြီး ကောင်းကင် ယံမှာ ထွန်းလင်းတောက်ပ နေတဲ့ လမင်းကြီးကို ရပ်ငေးရင်း တစ်ယောက်တည်း....... စိတ်ထဲက တွေးနေမိကာ လမင်းကိုကြည့်ပြီး ပြောမိတယ် မေမေ မဆုံးခင်က သူနားတွင် ထိုင်ကာ ပြောခဲ့တဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်လာမိတယ်.....
"သား မေမေတို့တွေက သားအနားမှာထွက်သွားရင်တောင် မေမေက သားကို ကောင်းကင်ကနေ လမင်းကြီးအဖြစ်နဲ့ ကြည့်နေမှာ ဒါကြောင့် မေမေ မရှိလည်း သားတစ် ယောက် တည်းရပ်တည်နိုင်အောင် ကြိုးစားရမယ်..... တစ်ယောက်ထဲ ဆို ပြီးဝမ်းမနည်းနေနဲ့နော်......"
အရမ်းသတိရနေမိလို့ ခံစားချက်တွေကို စိတ်ကလေးထဲကနေ ဖွင့်ဟပြောဆို နေခြင်းဖြစ်တယ်........ နှုတ်ခမ်းကနေ စကား တွေ မထွက်တဲ့ ဘဝမို့ ကိုယ်ခံစားချက်ကို နာလည်း ပေးမယ် သူမရှိပေ.........
"လွမ်းလိုက်တာ မေမေရယ်........."
အိမ်လေးထဲ ဝင်လိုက်တာနဲ ဧည့်ခန်းထဲတွင် ထိုင်နေတဲ့ ကျွန်တော် အဖေရဲ့ ဒုတိယမြှောက်ဇနီးနဲ့ သူရဲ့ သမီး ချော လေး က စောင့်ကြိုနေလျက်........
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...