အပိုင်း (11)
အပြင်က ပြန်လာတဲ့ သမီးဖြစ်သူ စုရင်းကို.......
"သမီးရေ...... ဒယ်ဒီဆီခဏလာပါအုန်း...... ဒယ်ဒီပြော စရာရှိလို့ကွယ်......."
သူခေါ်လိုက်တော့ လှပတဲ့ မျက်နှာလေးက ဆူပုတ်ပုတ် ဖြစ် နေတာကို ကြည့်ပြီး........ ရှောင်မုတ်ကြင် ပြုံးလိုက်မိတယ် ကလေးဆန်တဲ့ သမီးလေးကို ချစ်ရတာ မဝပေ...... ဘာလို့ ဆို သူရဲ့ အချစ်ဆုံးဇနီးကမွေးထားတဲ့ သမီးရတနာလေးမို့ ပို စိုးတာပေါ့ အခုလည်းအနားကို လျှောက်လာပြီး ဆိုဖာမှာ ဝင် ထိုင်ပြီးတော့.........
"ဒယ်ဒီကလည်း သမီးသူငယ်ချင်းတွေနဲ့ လျှောက်လည်ပြီး ပြန်လာတာ ပင်ပန်းနေပါတယ်ဆိုမှ....... ဘာပြောမလို့လဲ ခိုင်းစရာရှိရင် သမီးကို မခိုင်းနဲ့နော် ဒယ်ဒီ မအားဘူး သမီးအခုအရမ်းအိပ်ချင်နေတယ် ...... ဟို တစ်ယောက် ရှောင်ကျန့်ကို ခိုင်းလိုက်...... အောက်ခြေသိမ်း အလုပ်တွေကို သမီးက လုပ်စရာလိုလို့လား......."
ဆူပုတ်ကာ ပြောနေပေမယ့် အရမ်းချစ်ဖို့ ကောင်းတဲ့ သမီလေး.......... သူမကို အလုပ်ခိုင်းမှာစိုးလို့ ပြောနေတာ သူကတော့ သမီးလေးကို အပြစ် မဆိုရက်ပေ....... သူသမီးလေးက နောက်မိန်းမက မွေးတဲ့ ကလေးအဖြစ် နေခဲ့ရတယ် ဒါတွေက ဟိုသားအမိ ကြောင့် သူမသာ သူဘဝထဲ ဝင်မလာရင် သူချစ်တဲ့ ဇနီးကို လည်း သူရဲ့ တစ်ပါးတည်းသော နတ်မိမယ်လေး ဖြစ်လာမှာ မလွှဲပေ........ ဒါကြောင့်လည်း သမီးကို သနားပြီး အချစ် တွေပိုရတယ်........သမီးခေါင်းလေးကို ခပ်ဖွဖွလေး ပုတ် လိုက်ပြီးတော့မှ........
"ဒယ်ဒီက သမီးကို ဘယ်တုန်းက အလုပ်ကြမ်းခိုင်းဖူးလို့ လဲ....... အားလုံးပင်ပန်းတဲ့ အလုပ်တွေကိုဆိုရင် ဟို ကောင်လေး ကိုပဲခိုင်းတာ သမီးတွေ့နေတာပဲ ဒယ်ဒီ သိတာ ပေါ့ ငါ့ သမီးလေးရဲ့ လက်နုနုလေးတွေ သွေးခြေ ဥသွားမှာ ကို မလိုလားဘူး သမီးကိုဆို ပိုဥလေးလို မွေးထားရတာလေ ဒါကြောင့် ငါ့သမီး ဒီလောက်လှနေတာ ......... "
သမီးဖြစ်သူက မျက်နှာလေးမဲ့ပြီး တော့.......အမှန်ပါပဲ အလုပ်တွေကို ပင်ပန်းအောင် ဒယ်ဒီ ဘယ်လောက်ပဲ ခိုင်း ခိုင်းရှောင်ကျန့်ရဲ့ လက်ကလေးတွေ ခြေထောက်က လေး တွေကလည်း ဖြူဝင်းနေတယ် မျက်နှာဆိုလည်း ပေါင်း တင်စရာမလိုအောင် ချစ်ဖို့ကောင်းနေတယ်....... သူမ မျက် နှာဆိုရင် တစ်နေ့တစ်နေ အလှပြင်ဆိုင် သွားရ ပေါင်း တင်ရနဲ့ အလုပ်ရှုပ်သေးတယ်..... ရှောင်ကျန့်ဆိုတဲ့ ကောင်လေး ကတော့ ယောကျ်ားလေး ဖြစ်နေလို့ မိန်ကလေးဆို တော်တော်လှမဲ့ ရုပ်ကလေးပါ...... သူမ မနာလို ဖြစ်မိတယ် အပြင်မှာတော့........
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...