အပိုင်း (48)
သူချော့ပြီးတော့ အိမ်ပြန်ခေါ်လာလိုက်တယ်..... အိမ်ရောက်တော့ ယုန်လေးငိုထားလို့ ပင်ပန်းနေမှန်းရိပ်မိတာကြောင့်......
"ခဏအိပ်နေလိုက် ပြီးရင် ထမင်းစားမယ်နော်.....ကိုယ် အားလုံး ပြင်ဆင်ပြီး လာနှိုးလိုက်မယ်......"
ကလေးကို အိပ်နေစေလိုက်တယ် အိပ်ယာပေါ်မှာ ခွေနေတဲ့ ကလေးငယ် မကြာခင်မှာပဲ အိပ်ပျော်သွားတော့တယ်....... ခဏကြာတော့......
"Yiboရေ...... Yibo......."
အိမ်ရှေ့က ခေါ်သံကြောင့် သူ တံခါးဖွင့်ပေးလိုက်တော့......
"ဒီမှာ မင်းဝယ်ခိုင်းလိုက်တဲ့ ပစ္စည်းတွေ.....ရှောင်ကျန့် သက်သာရဲ့လား...... ဘာတွေလိုသေးလဲ....လိုတာရှိရင်ပြောနော်...... "
ရှင်းပင်က ပြောလိုက်တာကြောင့် ရှင်းချန်လည်း ခေါင်းငြိမ့်ပြ ကာ........
"ဟုတ်တယ်...... မင်း လိုအပ်တာပြော နေမကောင်းတာ တစ်ယောက်တည်း မထားခဲ့တာ ကောင်းတယ်..... ဆေးခန်း သွားပြရဲ့လား......"
"အင်း...... ပြပြီးပြီ မင်းတို့ကို ကျေးဇူးတင်ပါတယ် ကူညီပေးလို့....."
ယုန်လေးနေမကောင်းဖြစ်နေတဲ့ ပုံစံပြောထားတာကြောင့် ဆေးခန်းသွားပြီးပြီးလား မေးတာကို အလွယ်တကူပဲ ပြပြီးပြီလို့ပြောလိုက်ခြင်းဖြစ်သည်..... Yiboက အားနားသလို ပြောလာတာကြောင့်......
"ဟာမဟုတ်တာပဲ..... သူငယ်ချင်း အချင်းချင်းကို အဲလို ပြောနေစရာလား မင်းလည်း လူနာကို ဂရုစိုက်ရအုန်းမယ် ဆိုတော့ ငါ့တို့ သွားတော့မယ်......."
"အင်း......."
ရှင်းပင်နဲ့ ရှင်းချန်ပြန်သွားမှ အိမ်လေးထဲကို ပြန်ဝင်လာတော့..... ယုန်လေးက အိပ်ပျော်နေတာကြောင့် သူနှိုးလိုက်
တယ် မနက်ထဲက ထမင်းကိုလည်း သိပ်မစားတဲ့ ကလေး ဒီတိုင်း အိပ်နေတော့......"ကလေးလေး.....ထ အိပ်မနေနဲ့တော့ ထမင်းစားရအောင်နော်...... "
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...