မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး(U+Z)

3.1K 217 16
                                    

အပိုင်း (55)


ငွေစကားကြားတာနဲ့ ထောင်မှူးက ပြုံးရွှင်စွာနဲ့ပဲ စကားတွက်တွက်နဲ့ပြောလာကာ.......

"ဟာ.....ရပါတယ် အလှူငွေထည့်တာကို ကျွန်တော်တို့ လက် ခံပါတယ်..... သခင်လေး စိတ်မပျက်စေရဘူးလို့ ကတိပေးပါတယ်....."

"ရော့... ဒီမှာ ကျွန်တော်ကတိအတိုင်းပေးတဲ့ငွေလက်မှတ်.... ဒါက ခင်ဗျားအတွက် ကျွန်တော်ပေးတဲ့ မေတ္တာလက်ဆောင်ပါ....."

သူအတွက်ဆိုပြီး ငွေလက်မှတ်တစ်စောင်ပေါ်တွင် ယွမ်သိန်း 500ပေးတာကြောင့် ပြာပြာသလဲနဲ့......

"နောက်လည်း သခင်လေးလိုရင် ခိုင်းပါခင်ဗျ....ကျွန်တော်ဘက်က တာဝန်ကျေစေရမယ်......"

"ဒီစာလေးကို ကျစ်ကျစ်ဆိုတဲ့ မိန်းမကို ပေး ပေးပါ.... ကျွန် တော်ခိုင်းထားတာကို ဘယ်သူမှ မသိစေချင်ဘူး.... နှုတ်လုံပေးပါ....ကဲ ကျွန်တော်သွားတော့မယ် ခင်ဗျာ....."

သူတမင်တစ်ခါတည်းပိတ်ထားတာ ဖြစ်သည်..... တစ်နေနေ့ တစ်ချိန်ချိန် သူ့ယုန်လေးလာရင် သူခိုင်းတာကို မတော်တဆလေးနဲ့တောင် မသိစေချင်ပေ........ ဖြူစင်တဲ့ ယုန်လေးက အရာအာလုံးကို ခွင်လွှတ်ပေးတက်ပေမယ့်..... အမှန်တကယ်နောင်တ မရပဲ ယုတ်မာနေတဲ့ သူတွေကို ခွင့်လွှတ်မဲ့ အစား သူတို့ကို နောင် မလုပ်ရဲအောင် ခံစားသင်တယ်လို့ သူယူဆ ထားတယ်..... နောက်ထပ် ယုန်လေးကို ထိခိုက်ခံစားအောင် လုပ်တဲ့ သူမှန်သမျှ သူက လူမိုက်လုပ်ပြီး ရှင်းထုတ်ဖို့အဆင်သင့် ဖြစ်နေပြီ...... ဒါပေမဲ့ သူက ယုန်လေးအတွက် ကြောက် စရာ ကောင်းလိုက်တာလို့ မြင်သွားပြီး လန့်ပြီး သူနားကနေ ထွက်ပြေးသွားရင် သူသေ သွားနိုင်တာကြောင့် သူပညာပေးတဲ့ ကိစ္စတွေကို ယုန်လေးမသိအောင် ကြိုတင်နောက်ကြောင်းရှင်း ထားတာဖြစ်တယ်...... ဒီနေရာမျိုးကို ယုန်လေးမလာနိုင်ပေမဲ့ ကံကြမ္မာဆိုတာကြီးအတွက် ကြိုတင်လုပ်ဆောင်ထားတာ ဖြစ်သည်....... သူဟာ လူဆိုးလို့ ထင်ချင်ရင် ထင်ကောင်း ထင်လိမ့်မယ် ဒါပေမဲ့ လုပ်သင်လုပ်ထိုက်တဲ့ အရာကို လုပ်တာမို နောင်တရမည်မဟုတ်ပေ....... သူစိတ်ထဲကပြောနေပေမဲ့ အပြင်မှာတော့ ပကတိ တည်ငြိမ်နေလျက်......

မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)Where stories live. Discover now