အပိုင်း (24)
သူကို မော့ကြည့်လာတဲ့ ရှောင်ကျန့်ဆိုတဲ့ ကောင်လေးရဲ့မျက် ဝန်းမှာ yiboအတွက် စိုးရိမ်နေတာ အထင်းသားပေါ် နေတာ
သူဖတ်မိလိုက်တဲ့ အချိန်မှာတော့ ကောင်လေးက Yiboကို ချစ်နေတာ တွေ့လိုက်ရတယ်...... အဲဒီ ဆင်းရဲသားကောင် အကြောင်းပြောလ်ိုက်ရင် မျက်ဝန်းလေးတွေ လက်နေတာတွေ့ရတယ်......... တစ်မိုးအောက်မှာ အတူတူ ထားလို့ မရပေ...... ဒါကြောင့် သူ ကောင်လေးကို မပါပါအောင် ခေါ် သွားရန် ဆုံး ဖြတ်လိုက်တယ်......."ရပါတယ် ကျွန်တော်ဘာလုပ်ပေးရမလဲ ပြောပါ ဒါပေမဲ့ yiboကို မထိပါနဲ့ သူကို ထိခိုက်စေတဲ့ ကိစ္စမျိုး မလုပ်ပါနဲ့ ဒီကိစ္စက သူနဲ့ ဘာမှ မဆိုင်ပါဘူး ......."
မျက်ခုံးကို တွန့်ပြလိုက်ပြီးတော့ ရယ်လိုက်ပြီးမှ ဒါကတော့ မင်းအပေါ်မူတည်တယ်........
"မင်းငါ့နဲ့ အတူနေပေးရမယ် ငါ့အနားမှာ အစေခံတစ်ယောက် လိုမျိုးရိုးကျိုးပြီးတော့ မင်းအမေလို့ အိမ်အပြင် လုံးဝမထွက် ပဲ ငါ့တိတ်တိတ်ပုန်း အဖြည့်ခံအဖြစ် နေပေးရမယ်...... ဒါဆို ငါ့ စဥ်စားပေးမယ်........"
သခင်လေးဆိုသူရဲ့ ရိုင်းစိုင်းတဲ့ စကားများကြောင့် ဒေါသ ထွက်ပြီးတော့ မျက်နှာကို လက်သီးနဲ့ ထိုးလိုက်ချလိုက်တယ်....... ထိုသို့ လုပ်မယ်လို့ မထင်ထားလို့လည်းပါတယ်... ဖြူနုနေတဲ့ ကောင်လေးကို လျော့တွက်လိုက်မိတာကြောင့်......
"မင်းက အဆိပ်ပြင်းသားပဲ...... ငါ့က ဒါမျိုးမှ ကြိုက်တာ ဟေ့ကောင်တွေ သူကို ချုပ်ပြီး ကားပေါ်တင်လိုက် အိမ် ရောက်မှ အပြစ်ပေးမယ်......."
အစောင့်တွေက ရှောင်ကျန့် ကိုချုပ်ပြီး ကားပေါ်တင်ဖို့ လုပ်တော့.....
"လွှတ်..... လွှတ်လို့......"
ပြောမရတော့ ရှေ့ကလူကို ကန်လိုက်ပြီး သူလက်တွေကို ဖမ်း ထားတဲ့ သူကို သွားနဲ့ ကိုက်လိုက်တော့ နာသွားသဖြင့် သူအား ရုတ်တရက် လွှတ်လိုက်တယ် သူဘေးက နောက်တစ်ယောက် က ကြောင်နေတာကြောင့် သူစောင့်တွန်းလိုက်တယ် ပြီး ထွက်ပြေးလိုက်တယ်......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Фанфикအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...