အပိုင်း (10)
မျက်လုံးဖွင့်ကြည့် လိုက်တာနဲ့ မျက်နှာကြပ် ဖြူဖြူလေးကို တွေ့လိုက်ရတယ်...... ဘေးပတ်ဝန်ကျင်ကို မျက်လုံးလေး ဝေ့ ကြည့်လိုက်တော့ သူလိုပဲ ဘေးဘက် ကုတင်တွေမှာလည်း လူနာနဲ့ လူနာစောင့်တွေ ပျော်ရွှင်စွာ စကားပြောနေ ကြတာ ကို ကြည့်မိရင်း မျက်ရည်ဝဲမိတယ်....... သူဘေး နားမှာ တော့ တစ်ယောက်မှ မရှိပေ...... သူရှိတဲ့ မိသားစုဝင်က တောင် သူကို အမှိုက်လို သဘောထားတဲ့ဟာကို ဘယ်သူက သူလို လူမျိုးကို ခေါ်ပြောဆက်ဆံချင်မှာလဲ....... တွေးရင်း မျက်ရည်က ကျလာပြန်တယ်....... ယုန်လေးနိုးလာရင် စားဖို့ သူမုန့်ထွက်ဝယ်ခြင်း ဖြစ်သည် သူကောင်လေးဆီပြန် ဝင်လာ တော့ သတိရနေပြီဖြစ်တဲ့ ကောင်လေးကိုတွေ့ ရတယ် မျက်လုံး လေးဝိုင်းဝိုင်းလေးနဲ့ ဘေးနာက လူတွေကိုကြည့်ပြီး အားငယ်နေတာပြီးတော့..... မျက်ရည်လေးဝဲနေတာ တစ်ခုခု ကို တွေးနေရင်းနဲ့ မျက်ရည် လေးကျနေတာကအစ သူမြင်နေ ရတယ်...... အဲဒီအိမ်မှာ ဘယ်လောက်များ စိတ်ဆင်းရဲနေလဲ မသိပေမယ် သူသနားမိ တယ်........ ယုန်လေးကို ဆက်ပြီး မျက်ရည်ကျတာကို သူ မမြင်ရက်ပေ...... ယုန်လေးကို စိတ် ညစ်စရာတွေကိုလည်းမတွေးစေချင်၍ သူလှမ်း ခေါ်လိုက်မိ တယ်......
"ကျန်ကျန့်..... "
"ဟင့်......Yibo"
လှမ်းခေါ်လိုက်တော့ မျက်ရည်ကျနေတာ သူမြင်မှာဆိုးလို့ ကွယ်ပြီး သုတ်လိုက်တယ်...... သူမသိချင်ယောင်ဆောင်ပေး လိုက်တယ်.......ဒါပေမဲ့ သူသတိထားမိလိုက်တာက တိုးညှင်း စွာထွက်ပေါ်လာတဲ့ Yiboဆိုတဲ့ ခေါ်သံလေးကို သတိပြု မိသွားတယ်....... ကောင်လေးကတော့ သူနှုတ်ကစကားပြော လိုက်တာကို သတိမပြုမိပေ........
"ဟိတ်..... မင်းမင်း....."
"Yiboဒီကို ဘယ်လိုလုပ်ရောက်လာတာလဲဟင်......."
သူကိုသူစကားပြောနိုင်သွားတာကို သတိထားမိဟန် မရှိသေး ပေ.......
"မင်းစကား ပြောလို့ရပြီ......."
Yibo ပြောလိုက်မှ သတိထားမိတော့တယ် သူyiboကို ခေါ်လိုက်မိတဲ့ အသံတစ်သံ ဒီအသံက သူရဲ့ ပျောက်ဆုံးနေခဲ့ တဲ့ အသံပါ လား........ ဝမ်းသာလိုက်တာ......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...