အပိုင်း (66)
သခင်လေး ဘေးက ကောင်လေးက သခင်လေးရဲ့ ချစ်သူလားမသိဘူး.... သူဝင်လာတော့ သူကို ပြုံးပြတဲ့ ကောင်လေးကို ကြည့်ပြီး သဘောကျမိတယ်..... သေချာတာကတော့ သူတို့သခင်လေးက အဲဒီကောင်လေးကို အရမ်းချစ်တဲ့ပုံပဲ........ ချစ်ရှာမှာပေါ့ ဒီလောက် ချစ်စရာကောင်းပြီး သဘောထားလေးလဲ ဖြူမဲ့ပုံပဲ...... အရင်က သခင်လေး ချစ်သူတွေထက် အများကြီးသာတယ်.... ဘာပဲပြောပြောသူကတော့ ဒီကောင်လေးကို သခင်လေးရဲ့ ချစ်သူဖြစ်စေချင်တယ်..... အတွေးထဲမှာ ပြောနေကာ တံခါးလေးကို အသာလေးပြန် ပိတ်ပြီး ထွက်လာခဲ့လိုက်တယ်.... ကောင်လေးထွက်သွားတော့ ယုန်လေ ထမင်းစားလို့ ရအောင် သူပြင်ပေးလိုက်ပြီး ကလေးကို ထမင်းစားခိုင်းလိုက်တယ်......"ကျန်ကျန့် ဝပြီ မစားနိုင်တော့ဘူး..... တော်ပြီနော်....."
သူ ကလေးရဲ့ ပန်းကန်လေးထဲကို ဟင်းတွေ ထည့်ပေးနေရင်ကနေ ရပ်လိုက်ပြီးတော့......
"ဘာတော်တာလဲ အခုမှ ထမင်းငါးလုတ်တောင် မပြည့်ချင်ဘူး.... အစားကို နည်းနည်းလေးပဲ စားလို့ ခန္ဓာကိုယ်က ဝ မလာတာ.... နည်းနည်းလေးထပ်စား နှစ်လုပ်လောက်ပဲနော်.... ကိုယ်မင်းအတွက် ချက်ခိုင်းထားတာ မင်းမစားရင် ကိုယ် စိတ်မကောင်းဘူး......"
Yiboစိတ်မကောင်း ဖြစ်သွားတော့လည်း ကျန်ကျန့်မနေ တက်တာမို့ .......
"ကျန်ကျန့်စားပါမယ်နော်......"
လို့ပြောပြီး စားရှာတဲ့ ကလေးကြောင့် သူ ပြုံးလိုက်မိတယ်.... ကြာလေ ကလေးနဲ့ ပိုတူလေပဲကွာ......
"ကျန်ကျန့်ဒီတစ်ခါ တကယ် မစားနိုင်တော့ဘူးနော်...... yibo. ...."
"အင်းပါ...... ကိုယ်သိပါတယ်..... ဒါတွေ ရှင်းခိုင်းလိုက်မယ်....."
"ဟင့်..... ဒါဆို ကျန်ကျန့် ကူသယ်ပေးလိုက်ပါမယ်...... ကျန်ကျန် စားထားတာကို သူများက သိမ်းပေးရတယ်ဆိုရင် မကောင်းဘူး...... အားနားစရာတွေဖြစ်ကုန်မယ်......"
ပြောလည်ပြော ပန်းကန်တွေကို သယ်မလို့လုပ်နေတဲ့ ယုန်လေးကြောင့် သူမြန်မြန်လက်ကို ဆွဲပြီးတော့......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...