အပိုင်း (25)
အခန်းတံခါးဖွင့်သံကြောင့် သူမရေချိုးပြီး အလှပြင်နေရာ မှ လှည့်ကြည့်လိုက်တော့....... မနက်က အစ်ကိုက ဦးလေးဖြစ်သူရဲ့ ပစ္စည်းတွေကို ရှောင်အိမ်တော်မှာ နေရာချပေပြီး အ ပြင်ကို အတူတူ ထွက်သွားတဲ့ ဦးလေးဖြစ်သူက သူမ အခန်းထဲသို့ ဝင်လာပြီး သူမကို မမှိတ်မသုန်စိုက် ကြည့်နေတာကြောင့် သူမ ထိန့်လန့်တကြားနဲ့ အဝတ်တစ်ထည်ကို ခန္ဓာ ကိုယ်ပေါ်လွှာ လိုက်ပြီးတော့....."အန်ကယ် ဘာကိစ္စရှိတာလဲ ပြောစရာရှိရင် ဧည့်ခန်းမှာ စောင့် နေပေးပါ...... ဒီလို အခန်းထဲ ဝင်တာ မသင့်တော်ပါဘူး ရှောင်သခင်ကြီး ပြန်လာရင်လည်း ပြောစရာ ဖြစ်မယ်... သမီးလေးလည်း ပြန်လာတော့မယ်..... ထွက်သွားပေးပါ ကျွန်မတောင်ပန်းပါတယ်....... "
သူမသွေးပျက် ခြောက်ခြားနေတာကို မြင်ပြီး မထွက်သွားတဲ့ အပြင် သူမတို့ရဲ့ အိပ်ရာပေါ်မှာ သွားထိုင်လိုက်တာကြောင့် သူမ ဒေါသထွက်သွားပြီးတော့ ဦလေးဖြစ်သူကို အခန်းထဲက ထွက်သွားအောင် အတင်းဆွဲထုတ် လိုက်တယ်...... မသွားတဲ့ အပြင်သူမလက်ကို ပြန်ဆွဲလိုက်တာ ကြောင့် ဟန်ချက်ပျက်ပြီး ရင်ခွင်ထဲ ရောက်သွားတော့ သူမ ရုန်းပြီး ထဖို့လုပ်တော့ မဖယ်ပေးပဲ အိပ်ရာပေါ်သို တွန်းချလိုက်ပြီး သူမကို နမ်းဖို့ကြိုးစားနေတာကြောင့် သူမရုန်းတော့ လက်တွေကို ချုပ်ပြီးတော့.......
"ကျစ်ကျစ်အခုမှ အပြစ်ကင်းတဲ့ ပုံစံလာပြီး သရုပ်ဆောင်ပြ မနေနဲ့.......မင်းကြောင့် ငါ့မိန်းမက ငါ့ကို ထားပြီး ထွက်သွား တာ အခုမှ ရှက်ကြောက်တဲ့ ပုံစံ ဖမ်းမနေနဲ့ စုရင်းလေးတောင် ငါ့နဲ့ရထားတာ အခုမှ လာပြီး ငါ့ကို ငြင်းဖို့ မကြိုးစားနဲ......
အိမ်မှာ ဘယ်သူမှ မရှိဘူး ငါ့တို့ အကြောင်းကို ရှောင်သခင် ကြီး မသိစေချင်ရင်......ဟားဟား....... "သူမ မရုန်းကန်တာတွေ ရပ်သွားကာ.......
"သိသွားရင် ရှင့်သမီးလည်း ရှောင်အိမ်တော်ရဲ့ အမွေတွေ မရပဲ နေလိမ့်မယ် အဲဒါဆို ရှင်ကကော သမီးအတွက် အမွေ တွေ ပေးနိုင်လို့လား......"
"ငါ့ ပစ္စည်းတွေကို မင်းသုံးလိုက်လို့ ကုန်သွားပြီလေ...... ဒါ တောင် လာပြီး တောင်းရဲသေးတယ်......."
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Фанфикအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...