အပိုင်း (51)
လူတွေအမြင်မှာတော့ အရာရာကို သဘောပေါက် နားလည်ခွင့်လွှတ်နေတဲ့ ပုံစံ လုပ်ထားကာ အားလုံးကို နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်...... ရှောင်ကျန့် ဆိုတဲ့ သနားတက်တဲ့ ကောင်လေးရှေ့မှာ သနားစဖွယ် အရာ အားလုံး အရှူံးပေးထားတဲ့ အဖေအဖြစ် သူသရုပ်ဆောင်ရပေတော့မယ်.......
"နောင်တရနေတဲ့ အဖေတစ်ယောက် ပုံစံမျိုးပေါ့.....ဟားဟား...... သနားတက်တဲ့ ကောင်လေးရေ အဖေကို တစ်ကြိမ်လောက် လှေးကားလေး လုပ်ပေးပါအုန်းကွယ်....... ဒယ်ဒီ မိန်းမက အကုန်သုံးဖြုံးထားတာ...... သားလေးမှ မကယ်ရင် မကြာခင် လိမ်လည်မှုနဲ့ ထောင်ထဲ သွားရတော့မယ်........ ချစ်စရာ အနင်းခံ ဒယ်ဒီသားလေးရေ.... မင်းသာ ချင်းသ ခင်လေးကိုကောင်းကောင်း ပြုစုပေးမယ်ဆိုရင် ဒယ်ဒီ လုပ် ငန်းတွေ အဆင်ပြေလာ လိမ့်မယ်...... တစ်သက်လုံး ကျွေး မွေးလာတဲ့ကျေးဇူးကို ဆပ်တယ်လို့ သဘောထားပေးလိုက်ပေါ့......."
ကားပေါ်မှာ တစ်ယောက်တည်း ပြောနေခြင်းပါ........... သူ ရှောင်ကျန့် ကို မရရအောင်ခေါ်မှ ဖြစ်မည်..... သူ ထောင်ထဲ မဝင်နိုင်ဘူး...... သူအသက်ကြီးနေပြီ ထောင်ထမင်း ထောင်ဟင်းကို မစားနိုင်ပေ....... ရှောင်ကျန့် ကျိန်းသေ ငါကိို လုပ်ပေးမှ ရမယ် မင်းမှာ ငြင်းပိုင်ခွင့်မရှိဘူး ဒါရှောင်အိမ်တော်ရဲ့ သားတစ်ယောက်ရဲ့ တာဝန်ပဲ မင်းဆန္ဒရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ လုပ်ရမယ်.......ကားလေးရဲ့ ဦးတည်ရာကာ.......
-----------------------------------------------------------
"ကိုယ်ဒီနေ့အပြင် ခဏသွားမယ် အိမ်မှာပဲနေနော်..... ဘာမှမတွေးနဲ့ ဖြစ်နိုင်ရင်ကိုယ်က သွားတောင်မသွားချင်ဘူး မင်းကို စိတ်မချဘူး....... တစ်ယောက်တည်းဖြစ်ပါမလား...... ဒါမှမဟုတ်ကိုယ်မသွားတော့ဘူး....."ပြဿနာဖြစ်ပြီးတဲ့ နောက်ပိုင်းအိပ်ရာထဲ အမြဲ ခွေနေတဲ့ ကောင်လေးကြောင့် တစ်ယောက်တည်းထားခဲ့ရမှာ သူစိတ်မချသဖြင့် သူမှာနေခြင်းဖြစ်သည်...... ဒီနေတော့ အလုပ်ကိစ္စကြောင့်သာ မသွားမဖြစ်သွားရမှာမို့ အမှန်ဆို သူလုံးဝ မသွားလိုပေ ......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Фанфикအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...