မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး(U+Z)

3.4K 235 9
                                    

အပိုင်း (44)


သူမမေးလိုက်မိတော့ Yiboရဲ့ မျက်နှာက ရှောင်ကျန့်ကိုချစ်တဲ့ အချစ်တွေ ပြည့်နေတာကို တွေ့လိုက်ရတယ်......

"ဟုတ်တယ်........ ကိုယ်သူ့ကို ချစ်တယ် ဘယ်သူကိုမှ မချစ် ဖူးတဲ့ အချစ်နဲ့ ချစ်မိနေတာ ပြောရမယ်ဆို ရှောင်ကျန့် ဆိုတဲ့ ကောင်လေးက ကိုယ်အတွက်တော့ ကန္တာရအလယ်က အိုအေ စစ်လေး တစ်ခုဆိုရင်လည်း မမှားဘူး....."

သူမ ဝမ်းနည်းနေပေမဲ့ မျက်ရည်ကိုမကျအောင် ထိန်းပြီးတော့.....

"ကိုကိုအခုဖြစ်တဲ့ ပြဿနာတွေက ချင်းချင်းဖန်းတီးထားတာပါ သူမကိုလည်း အကူညီတောင်းထားတာပါ ပြီးတော့ ရှောင်ကျန့် ကိုလည်း တောင်ပန်းပေးပါ...... ကိုကိုရဲ့အချစ်နဲ့ ထိုက် တန်တဲ့ ကောင်လေးမို့ သူကို ဂရုစိုက်လိုက်ပါ..... ပြီးတော့ ချင်းချင်းကို အချစ်ဆိုတဲ့ အရာကို နားလည်အောင်သင်ပေးခဲ့တဲ့ အတွက်ကျေးဇူးတင်ပါတယ်နော်လို့...... အမှန်တော့ ချင်းချင်းက အချစ်ကို တန်ဖိုးမထားခဲ့လို့ မထိုက်တန်လို့ ထိုက်တန်တဲ့ သူက ရသွားတော့ မနာလိုဖြစ်ပြီး ကိုကိုတို့ မကြာခင် ပြတ်သွားမှာပဲလို့တွေးပြီး ရှူးမိုက်တဲ့ အလုပ်တွေကို လုပ်ခဲ့တာမို့ ချင်းချင်း ထက်ပြီး တောင်ပန်းပါတယ်...... ကိုကို တို့ ချစ်ခြင်းတွေ သာယာ ဖြောင့်ဖြူးကြပါစေနော်...."

ပြောလာတဲ့ ချင်းချင်း ကြောင့် သူနှစ်သိမ့်ပြုံးပြုံးပြလိုက် ကာ.........

"ကိုယ်မင်းကို ခွင့်လွှတ်ပါတယ် တစ်နေ့ မင်းနဲ့ ထိုက်တန်ပြီး မင်းကို ချစ်တဲ့သူနဲ့ ဆုံတွေနိုင်မှာပါ...... အခုလို လမ်းမှန်ကို ပြန်လျှောက်နိုင်တဲ့ အတွက် ကိုယ်ဝမ်းသာတယ် မင်းက ကိုယ် ရဲ့ ညီမလေးတစ်ယောက်လိုပါပဲ...... ဒါဆို ကိုယ်သွားတော့ မယ် အိမ်မှာ ကျန်ကျန့် လေးတစ်ယောက်တည်း ဖြစ်နေတာကြောင့်...... "

သွားဖို့ လုပ်နေတဲ့ yiboကို မင်းထန်းက ......

"ကျွန်တော်က ညီမကို ထိန်းရမှာ မထိန်းပဲနဲ့ သူနဲ့ အတူ လိုက်လုပ်လို့ ရှောင်ကျန့်ကို ထိခိုက်စေခဲ့တဲ့ အတွက် ထပ်ပြီးတောင် ပန်းပါတယ် ခင်ဗျ....ပြီးတော့ ကျွန်တော်တို့ကို တရားမစွဲတဲ့ အတွက်ကျေးဇူးတင်ပါတယ်နော်......တကယ် စိတ်ရင်းနဲ့ ပါ........ "

မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)Where stories live. Discover now