မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး(U+Z)

3.7K 230 18
                                    

အပိုင်း (70)

သူပြောပြီး မျက်ရည် ဝဲနေပြီး အားငယ်နေရှာတဲ့ ယုန်လေးရဲ့ လက်ကလေးကို သူလက်နဲ့ ထွေးဆုတ်ပြီး မြတ်နိုးခြင်းများစွာနဲ့ ကိုင်လိုက်တော့...... ခေါင်းလေးငုံ ထားတဲ့ ယုန်လေးက သူကို မော့ကြည့်လာတော့ yiboမျက်ဝန်းထဲမှာ စိတ်ရှည်ခြင်း ကြင်နာခြင်းတွေ ပြည့်နေတဲ့ မျက်ဝန်တွေနဲ့ ငေးကြည့်နေတာနဲ့ ဆုံတာကြောင့် ကျန်ကျန့် yiboကို မကြည့်ရဲစွာဖြင့် အကြည့်လွှဲသွားမိတော့တယ်....... သူyiboကို အားနာမိတယ် သူကြောင့် အလုပ်တွေ ပန်ပန်းအောင် လုပ်နေရလို့ အခုလည်း ဒီပွဲက လူတွေကို ကျန်ကျန့်အတွက် ရင်ဆိုင်ရအုန်းမယ်..... သူ က yibo အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုပဲဖြစ်နေပြန်တော့ထပ်ပြီး အားလည်နာသလို ကျေးဇူးလည်းတင်မိတယ်......... yiboကတော့ အခုထိ ကျန်ကျန့်လေး မျက်နှာကို ငေးကြည့်နေတာကြောင့် မျက်နှာပေါ်မှာ ဖြတ်သန်းသွားတဲ့ အရိပ်ကို သူတွေ့နေရတယ်.... ဒါကြောင့် သူယုန်လေးကို ဆက်ပြီးအတွေး ထဲ နစ်မျောနေမှာကို မလိုလားတာကြောင့်....

"ကိုယ်တို့ သွားရအောင်နော်...... ဧည့်သည်တွေ စောင့်နေကြပြီ လာနော်...."

တွန်ခနဲဖြစ်သွားပေမဲ့ သူလက်ကို ပိုပြီး ဆုတ်ကိုင်လိုက်တာကြောင့် သူကလေးကို ဂရုစိုက်ပြီး စင်ပေါ်သို့ ခေါ်လာပြီး သူနားမှာ ရပ်ခိုင်းလိုက်ထားပြီးတော့......

"လူကြီးမင်းတို့ အားလုံး သိချင်နေကြတဲ့ ကျွန်တော် မြတ်နိုးတဲ့ ချစ်ရသူကတော့ ရှောင်အိမ်တော်က ရှောင်မုတ်ကြင်နဲ့ ရှင်အိမ်တော်က ရှင်ချိန်မေရဲ့သား ရှောင်ကျန့်ပါ......"

သူကြော်ငြာတော့ လူတွေအားလုံးရဲ့ မျက်ဝန်းတွေက အံသြခြင်းတွေ မယုံကြည်နိုင်ခြင်း တွေပြည့်နေတဲ့ မျက်ဝန်းအကြည့်တွေ တစ်ချို့ မိန်ကလေးတွေကတော့ အားကျတဲ့ အကြည့်တွေနဲ့ တစ်ချို့ကျတော့လည်း မနာလိုကြတဲ့ အကြည့်တွေကို ကြည့်နေကြတဲ့ သူတွေကို မကြည့်ရဲစွာ ခေါင်းလေးငုံပြီး ရပ် နေတဲ့ ကျန်ကျန့်ကို သူခါးလေးကနေ ဆွဲဖက်ပြီး သူနဲ့အနီးဆုံး ကို ရောက်အောင် ဆွဲယူလိုက်ပြီးတော့ ရင်ခွင်ထဲ ဝှက်ထား လိုက်တယ်.......... လူတွေက အကဲပိုတယ်ပြောပြော သူချစ်ရသူလေး ကြောက်တဲ့ အရာမို့ ဘယ်သူမှ ဂရုမစိုက်နိုင်ပေ.... ဖြစ်နိုင်ရင် ဘယ်သူမှ မသိအောင်တောင် ထားချင်တာ.... ဒါပေမဲ့ အရင်ဖြစ်ခဲ့တဲ့ ပြဿနာတွေကြောင့် အခုလိုပွဲကိုစီစဥ်လိုက်ရတာပါ..... သူနားကနေ မတရားခေါ်ပြီး အောက်တန်း ကျ ယုတ်မာတဲ့လူတွေ ယုန်လေးနားမကပ်နိုင်အောင် တရား ဝင် ကြော်ငြာခြင်းဆိုရင် ပိုပြီး မှန်ကန်ပေလိမ့်မယ်...... သူအရှိန်အဝါနဲ့ ယုန်လေးကို ကာကွယ်ခြင်းဆိုရင်လည်း မမှားပေ......

မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)Where stories live. Discover now