မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး(U+Z)

4.1K 265 2
                                    

အပိုင်း (12)

တစ်ယောက်တည်း နှုတ်က ရေရွတ်နေပြီး ရယ်နေလျက် ထိုင်ခုံမှာ ထိုင်နေဆဲ...... အမှန်တော့ သူသာ စာအုပ်ထဲက ထွက်လာတဲ့ ဆေးစစ်မှတ်တမ်းကို ဖြန့်ကြည့်မယ် ဆိုရင်......

"အင်း....... အရေးမပါတဲ့ ကိစ္စအချိန်ကုန်မခံတော့ဘူး........ ချင်းသခင်လေးကို ဖုန်းဆက်ရအုံးမယ်......."

တစ်ယောက်ထည်း ပြောပြီး ဧည့်ခန်းလေးထဲ ထွက်လာခဲ့ လိုက်တယ်........

"ဟယ်လို...... သခင်လေးချင်း လူမသိဘူး ကျွန်တော်အိမ်ကို ထမင်းစား ဖိတ်ချင်လို့ အိမ်ကို ဒီနေ့ညနေ လာခဲ့ပေးလို့ အဆင်ပြေမလားမသိဘူး........"

သူသာပြောနေရတာ တစ်ဖက်က တစ်ချက်တောင် သူ့ကို ဘာ မှ ပြန်ပြီး မပြောပေ....... မင်းထန်းတစ်ယောက် ဖုန်းကိုင် ထားပေမယ်....... သူရဲ့ စိတ်တွေက ဆေးရုံကုတင်ပေါ်က အိပ်ပျော်နေတဲ့ ကောင်လေးရဲ့ မျက်နှာလေးကအခုထိ သူကို စိုးမိုးနေတာ မျက်လုံး ထဲက မထွက်ပေ......

"ဟယ်လို.......သခင်လေး..... သခင်လေး......."

တစ်ဖက် ဖုန်းထဲက ခေါ်သံလေးကြားမှ သူအသိပြန် ဝင်လာ တော့ တယ်........

"သြော်..... ဟုတ်ကဲ့ ပြောပါ ကျွန်တော်နားထောင်နေပါ တယ်......ဟုတ်သမီးလေးက သခင်လေးကမ်းလှမ်းထားတဲ့ စေ့စပ်ကြောင်းလှမ်းတာ လက်ခံပါတယ် ဒါကြောင့် ထမင်း ဖိတ်ကျွေးချင်လို့ပါ....... သမီးလေးနဲ့  သခင်လေးကို လည်း  ရင်းနီးစေချင်လို့ပါ......"

"ဟုတ်ကဲ့.......လာခဲ့ပါမယ် ဘယ်အချိန့်လည်း မသိဘူး....."

"ဒီညနေ လာခဲ့ပါလား...... "

"ကောင်ပါပြီ......"

ဖုန်းလေးချလိုက်ပေမယ့်........  သူရဲ့ ဇနီးလောင်းကိုလည်း စိတ်မဝင်စားဘူး အခုလောလောဆယ် စိတ်ဝင်စားနေတာက ဆေးရုံ ပေါ်ကကောင်လေးပင် သူဘယ်မှာနေတာလဲ...... ဘယ်သူ့ရဲ့ သားလည်း သိချင်စိတ်က ကြီးစိုးနေသည်...... အခုလောလောဆယ်တော့........

"ချိန်းထားတဲ့ နေရာကို သွားမယ်....... ပြီရင် ရှောင်သခင် ကြီး အိမ်ကိုသွားမယ်...... "

သူလူယုံကို သွားရမယ့်နေရာတွေကို ပြောပြထားလိုက် တယ်........

မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)Where stories live. Discover now