အပိုင်း(69)
15မိနစ်နီးပါးလမ်းလျှောက်ပြီး ရှာနေပေမဲ့ ခြံတံခါးကလုံးဝ မတွေ့တာကြောင့် စိတ်ညစ်သွားမိတယ်...... ခြေထောက်တွေ ညောင်းလာတာကြောင့် ခြံထဲမှာ ရှိနေတဲ့ နီးစပ်ရာ ခုံတန်းလေးမှာ ဝင်ထိုင်လိုက်မိတယ်....."ဟွန်း...... ခြံကြီးကို အကြီးကြီးဆောက်ထားတော့ တံခါးပျောက်သွားတာပေါ့..... ချမ်းသာတဲ့ သူတွေက အလားကား ကြွားချင်နေတာ အခု ဘယ်လိုပြေးရတော့မှာလဲ......"
yibo တစ်ယောက် ဧည့်သည်တွေနဲ့ စကားအဖွင့် စကား ပြောနေတုန်း သူ့ယုန်လေးကို စောင့်ကြည့်ခိုင်းထားတဲ့ သူ့လူတစ်ယောက်က ယုန်လေးထွက်ပြေးဖို့ လုပ်နေတာကို လာပြောတာကြောင့် သူဧည်သည်တွေကို ရှောင်ကျန့် နဲ့ ကိစ္စကြေ ငြာတာကို ခဏရပ်ထားပြီး သူ့သူငယ်ချင်းတွေကို ဧည့်ခံခိုင်းထားပြီး ယုန်လေးနောက်ကို လိုက်လာခဲ့လိုက်တာဖြစ် သည်..... ဒီခြံထဲက ထွက်ဖို့ဆိုတာမလွယ်ကူတာကြောင့် သူကလေး ထွက်လို့မရတာသူသိတယ်...... ဘာကြောင့်လဲဆိုရင် ခြံထဲက ဧည့်သည်တွေကိုတောင် သူတို့ရဲ့ ကားတွေကို ကားပါကင်ထိုးခိုင်းထားပြီး ဒီနေရာကို ရောက်ဖို့ နာရီဝက်လောက်လိုသေးတညမို့ အိမ်က အလုပ်သမားတွေကားနဲ့ ခေါ်လာတာဖြစ်သည်..... ယုန်လေးဆို ဒီခြံရဲ့ အနေအထားမသိတာကြောင့် ခြံပြင်မရောက်မှန်းသိတယ်...... ခြံထဲမှာ CCTV တွေ တစ်ခြံလုံးအပြည့် တပ်ဆင်ထားတာကြောင့် ယုန်လေးဘယ်မှာလဲ ဆိုတာ သိဖို့မခက်ပေမဲ့ အရေးအကြောင်း တစ်ခု ခုဖြစ်မှာ စိုးလို့ သူ့လူတွေကို စောင့်ကြည့်ခိုင်းထားပြီးသားဖြစ်သည်...... ယုန်လေးဘယ်ရောက်နေလဲ သူသိပေမဲ့ ဒီကလေး ဘာလုပ်မလဲလို့ သိချင်သေလို့ စောင့်ကြည့်နေတာဖြစ်သည်....... သူအကွယ်လေးမှာရပ်ပြီး ယုန်လေး ပါးစပ်လှုပ်စီစီနဲ့ တစ်ခုခုကို ပြောနေမှန်းသိသာနေတယ်......
"အံမယ် ကိုယ်ကပဲ သူကို ထွက်ပြေးဖို့ ခြံသေးသေးလေး စောင့်ပေးရအုန်းမယ်...... တကယ်အတွေးလေးကအစ ဖြူလိုက်တာကွာ....... မင်းပဲ ပြောတက်တယ်နော်ကလေးငယ်ရယ်......"
အတင်းပြောနေတဲ့ ယုန်လေးကို ကြည့်ပြီး သူ ပြုံးနေမိတယ်..... ကြည့်ရတာ ယုန်လေးထွက်ဖို့ အပေါက်ပျောက်နေတာဖြစ်မယ်....... အရမ်းကလေးဆန်လိုက်တာ ချစ်စရာအ ရမ်းကောင်းလိုက်တာကို တွေးရင်းနဲ့ သူယုန်လေးဆီထွက်လာခဲ့လိုက်တယ်....... သူလမ်းလျှောက်လာတာကို နောက်ခိုင်းထားတဲ့ ကောင်လေးကတော့ အခုထိမမြင်သေးပေ......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
أدب الهواةအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...