အပိုင်း (29)
ဒေါသတွေထွက်နေတဲ့ ချင်းသခင်လေးကို ကြည့်ပြီး......"အန်ကယ် နည်းနည်းပြောမယ်သား မင်းဘာလို့ ဒေါသအဲဒီ လောက် ထွက်နေတာလဲ....... ရှောင်ကျန့်ဆိုတဲ့ ကောင်လေး ကို သဘောကျနေရတာလဲ စုရင်ကလည်း ချောမောလှပတဲ့ မိန်းကလေးပါ ရုပ်ရည်ဆိုလဲ မိန်းမကောင်း မိန်မမြတ်တွေရဲ့ အဆင်နဲ့ အချင်းတွေပြောစရာမလိုပေ...... ဆင်းရဲတွင်းထဲ ခုန်ဆင်းတဲ့ အသုံးမကျတဲ့ ကောင်လေးအတွက် ဘာကြောင့် ခံစားနေရ တာလဲ....... မင်းနဲ့ မထိုက်တန်တဲ့ သူကို ခေါင်းထဲက ထုတ်လိုက်စမ်းပါလို့ အကြံပေးချင်တယ်....."
"အန်ကယ်ရာ ကျွန်တော်သူကို မြင်တော့ ကျွန်တော်သူများ လက်ထဲ မထည့်ပေးနိုင်ဘူး ချစ်လာလို့ မေးရင် ကျွန်တော် မချစ်သေးဘူးလို့ ပြောလို့ရတယ်...... လက်လွှတ်လိုက်လို့ပြော ရင်လဲ ကျွန်တော် လက်မခံနိုင်ဘူး..... သူကို ကျွန်တော် နားမှာ ထားချင်တာ သူဘဝတစ်ခုလုံးရဲ့အရှင်သခင်ဖြစ်ချင်တာ သူရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း အကုန်လုံးက ကျွန်တော် ကြောင့်ပဲ ဖြစ်ရမယ် .......ကုန်ကုန်ပြောရင် အသက်ရှုရင်တော့ ကျွန်တော် အမိန့်အတိုင်း ဖြစ်စေရမယ်......"
"ဒါဆို စုရင်ကို ဘယ်လိုလုပ်မှာလဲ ရှောင်အိမ်တော်က နှစ် ယောက်လုံးကို ယူလို့တော့မရဘူးသား စုရင်နဲ့လည်း အကုန် လုံး လက်ထပ်ဖို့ က လူသိရှင်ကြားဖြစ်နေပြီ....... မင်းဘယ် လိုလုပ်မှာလဲ ရှောင်သခင်ကြီးကလည်း လက်ခံမယ် ထင်နေ လား......"
"ကျွန်တော်သိတယ် စုရင်းကို တင့်တောင့်တင်တယ် လက် ထပ်မှာပါ...... ရှောင်ကျန့်ကို ကျွန်တော်နားမှာ ခေါ်ထားမှာ သူက ယောကျာ်းလေးပဲ နစ်နာစရာမှ မရှိတာ..... သူကို ချမ်းသားအောင် ထားပေးထားရုံနဲ့ သူနေနိုင်လောက်မှာပါ........"
ရန်စစ်တစ်ယောက် တူဖြစ်သူကို ကြည့်ပြီး သက်ပျင်းချ မိတယ်...... မပြောသင့်မှန်သိပေမယ့် အမုန်းခံပြီး ပြောရမည်သာ.... တစ်ချိန်က သူချစ်တဲ့ သူအပေါ်ကို မှားခဲ့တဲ့ အမှားလိုမျိုး တူလေးကို မဖြစ်စေချင်ပါ........
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanficအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...