အပိုင်း (58)
သူစာကိုဆုံးအောင် ဖတ်ပြပြီးသည်အထိ ဘာစကားတစ်ခွန်း
မှမပြောပဲ ငြိမ်ငြိမ်လေ နားထောင်နေတဲ့ yiboကနေ......."ထူးဆန်းတာကို မဟုတ်ဘူး တမင် မရှာအောင် စာကို ရှောင်ကျန့် ရေးထားတဲ့ပုံစံလုပ်ထားတာဖြစ်မယ်..... တကယ်လို့ ရှောင်ကျန့်သာ ကျွန်တော်ကိုပေးချင်ရင် စာကို အိမ်ထဲမှာ ထားခဲ့မှာ သူများကို ပေးခိုင်းရအောင် ကျွန်တော်က လွှဲပြီးတစ်ခြားလူနဲ့ သူသိတာမဟုတ်ဘူး...... တခြားတစ်ယောက် ယောက်က လုပ်ကြံထားတာ ရှောင်ကျန့်ကို မရှာအောင် လုပ်ထားတာဖြစ်မယ်..... ဒါပေမဲ့ သူတို့လုပ်ခိုင်းတဲ့ သူက တော် တော်လုပ်တာ ကိုင်တာ မကောင်းတာပဲ........ ဟာကွက်တွေ ထားခဲ့အောင် လုပ်ထားတယ်......... ရှောင်ကျန့်လေးကိစ္စကို ကျွန်တော်ပဲဆက်လုပ်လိုက်မယ်........ တစ်ခုလောက် လုပ်ပေးပါ အစ်ကို ရှင်းချန်း ကျွန်တော်ခိုင်းထားတာကို ဆက်လုပ်ပေးပါ ရှင်းပင်းကိုပါခေါ်ပြီး အတူတူ လုပ်လိုက်ပါနော်........ ကျွန်တော် အလုပ်ကိစ္စထဲ အာရုံစိုက်နိုင်မယ် မထင်ဘူး...... "
"ရတယ်Yibo..... ငါ့တို့ လုပ်ထားလိုက်မယ်အလုပ်ကိစ္စကို စိတ်ချနေ..... ဘာမှ စိတ်မပူနေနဲ့ ရှောင်ကျန့်လေးကိုသာတွေ့ အောင်ရှာလိုက် ဒီဘက်ခြမ်းက အကုန် အဆင်ပြေစေရမယ်......."
Yibo အလုပ်ကိစ္စကော ရှောင်ကျန့် ကိစ္စ လုပ်ရင် တာဝန်ပိုပိပြီး ပင်ပန်းသွားမှာစိုးရိမ်းတာကြောင့် ပြောလိုက်တာဖြစ် သည်......
"ကျွန်တော် အစ်ကိုကို ယုံပါတယ် ဖုန်းချလိုက်တော့မယ့်နော်......."
ဖုန်းချလိုက်တာနဲ့ ယုန်လေးအကြောင်း ခေါင်းထဲရောက်လာတယ်.......
"ဘာတွေ လုပ်နေတာလဲကွာ မင်းအန္တရယ်ဖြစ်အောင် ဘာလို့ လုပ်နေတာလဲ... အခုကော ဘယ်သွားနေတာလဲကွာ..... သေ ချာတာတော့ ရှောင်သခင်ကြီး လက်ချက်ပဲ ဖြစ်လောက်မယ်....... အခုတလော ငွေလိုနေတဲ့ ရှောင်သခင်ကြီးက သူအကျိုးအတွက် ယုန်လေးကို အသုံးချတာ ဖြစ်လောက်မယ့်..... "
သူအတွေးစတွေကို စာပွဲပေါ်မှာ တင်ထားတဲ့ ဖုန်းလေးမြည်းသံကြောင့် ပျက်တောက်သွားတော့တယ်......ဖုန်းပေါ်က နာ မည်ကြောင့် သူမျက်မှောင်ကြုတ်လိုက်ပြီးမှ ချင်းချင်းက ဘာလို့ ဆက်တာလဲ......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...