အပိုင်း (19)
ချွေးစေးတွေထွက်ကာ စေကပ်နေပြီး ပူလာတာကြောင့် ကျန်ကျန့် လန့်နိုးလာတယ်......အိမ်တစ်အိမ်လုံး မှောင်မဲနေ တာကြောင့် နည်း နည်း လန့်သွားမိတယ် ဒါပေမဲ့ လက်က လေးကို ကျန်ကျန့်ဘေးနားလေးမှာ ထိုင်ပြီး ထွေးစုတ်ကာ ကိုင်ပေးထားတာကြောင့် အမှောင် ကို ကြောက်တာ နည်း နည်း ပြေသွားတယ် ပြီးတော့ ကျေးဇူး လည်းတင်မိတယ် အ ရေးတကြီး လိုအပ်နေတဲ့ အချိန်အနား မှာ ရှိပေးနေတဲ့ အ တွက် yiboကို ပိုပြီး အားကိုးမိတယ် မေမေဆုံးပြီး က တည်းက အမှောင်ကြောက်တဲ့ ကျွန်တော်ကို အရေးတယူ ကြည့်ပြီးအနားမှာ နေပေးမဲ့ သူတစ်ယောက်မှ မရှိခဲ့ပေ........ မှောင်မဲနေတဲ့ နေရာမှ အထီးကျန်ပြီး ကြောက် ရွံမှုများစွာနဲ့ ဖြတ်သန်းခဲ့ရတယ်........ ကျွန်တော် လိုမျိုး ဘာမှ မလုပ် တက်သူ အသုံးမကျတဲ့ သူကို ဂရုစိုက် ပေးတဲ့ အတွက် ကျေးဇူးတင်လွန်းလို့ မျက်ရည်တောင် ကျ မိတယ်........
"မကြောက်နဲ့ ကိုယ်မီးဖွင့်ပေးမယ်နော် ကိုယ်ရှိတယ်...."
လှုပ်သွားလို့ ထင် yibo နိုးသွားကာ မီးသွား ဖွင့်လိုက် တာကြောင့် ကျန်ကျန့် ငြိမ်နေလိုက်တယ်...... ယုန်လေးစနိုး ပြီး လှုပ်သွားတဲ့ အချိန်ထဲက သူနိုးနေခဲ့တာ ဒါပေမဲ့ ငြိမ်ပြီး တစ် ခုခု စဥ်းစားပြီး မျက်ရည်ကျနေတယ်လို့ ထင်မိလိုက်တာ ကြောင့် ဝမ်းနည်းနေတာမျိုးကို မလိုချင်တော့ပေ....... ဒါ ကြောင့်သူနိုးနေတာကို သိသွားအောင် အသံ ပြုလိုက် ခြင်း ဖြင့် အာရုံပြောင်းလိုက်တယ်.......အခုမှ စဥ်းစားမိတာ ကျန်ကျန် ညနေတုန်း က ငိုပြီး သူ အိပ်ပျော်သွားတာကို သတိရသွားတော့....... yiboကို အားနာ သွားမိတယ်...... ဒါကြောင့် တောင်ပန်းစကားပြောဖို့ ကြည့် လိုက်တော့....... ကျန်ကျန့် စိတ်ကို သိသည့်ပုံစံဖြင်.......
"မလိုဘူး မင်းခန္ဓာကိုယ်လေးက ပေါ့ပေါ့လေး ကလေး လောက် ပဲရှိတယ် မလေးဘူး ကိုယ်ကို ဘာမှ အားနားစရာ မ လိုဘူး......"
သူပြောလိုက်တော့ သူခန္ဓာကိုယ်က အဝတ်တွေကို ကြည့်နေ တာကြောင့်.......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...