အပိုင်း (54)
ရှောင်သခင်ကြီး စိတ်တွေရှုပ်ထွေးလာတာကြောင့် အလုပ်ကို မသွားတော့ပဲ အိမ်ကိုသာ ကားမောင်းပြီး ပြန်လာခဲ့ လိုက်တယ်...... ဇနီးသည်ကလည်း သူကို နားလည်မပေးတာကြောင့်လည်းပါတယ်...... ခြံပေါက်ဝရောက်တော့ ခြံစောင့်က......
"သခင်ကြီးကို တွေ့ချင်လို့ ဆိုပြီးလာတဲ့ ဧည့်သည်တွေကို ဧည့်ခန်းမှာ စောင့်ခိုင်းထားလိုက်ပါတယ်......."
"အင်း......ငါ့သွားတွေ့လိုက်မယ်...... "
အိမ်ရှေ့မှာ ကားလေးရပ်ပြီး ဧည့်ခန်းထဲကိုဝင်လာတော့ သူ မသိတဲ့ လူတွေကြောင့် ခြေလှမ်း ရပ်သွားပြီးမှ ပြန်လျှောက်လာပြီးတော့......
"ဘာကိစ္စများရှိပါသလဲ...... ကျွန်တော်တို့ တစ်ခါမှ မတွေ့ဘူး သလိုပဲ ထင်တယ်နော်......"
အသက်ကြီးပြီး ကျက်သရေရှိတဲ့ လူကြီးက.....
"ဟုတ်ပါတယ်..... ကျွန်တော်တို့က ခင်ဗျာမိန်းမနဲ့ပဲ တွေ့ဘူး တာပါ......ရှောင်ကတော်က ကျွန်တော်ဆီမှာ ဒီအိမ်ရဲ့ အိမ်ဂရန်ကို အပေါင်းထားပြီး အကြွေးတွေယူထားတာ ခြောက်လ လောက်ရှိပြီ အတိုးလည်း တစ်ခါမှ မပေးသလို အရင်းလည်းမဆပ်တာကြောင့် ကျွန်တော်တို့ လာပြီး တောင်းတာပါ...... အဲ့ဒါရှောင်သခင်ကြီး ဘယ်လို လုပ်ပေးမှာလဲခင်ဗျာ..... မပေးနိုင်ရင် အိမ်ပေါ်က ဆင်ပေးရမယ်...... ဒါတောင် အ တွင်းပစ္စည်းတွေ ပေါင်းရင်တောင် ပိုက်ဆံက မပြည့်သေးဘူး...... အခု ချေးထားတဲ့ သူက ထောင်ကျသွားတာဆိုတော့ ခင်ဗျာကို တိုက်ရိုက်လာ ပြောတာပါ....... ပြီးတော့ ပေးထားတဲ့ ရက်ကလည်း ပြည့်နေပြီးဆိုတော့ ကျွန်တော်လာသတိ ပေး တာပါ"
ထိုလူစကားတွေက သူကို အမောစို့သွားစေပြီ လန့်သွားစေတယ်..... သူဘဝမှာ ရှောင်အိမ်တော်ကို ပေါင်းဖို့ဆိုတာ စိတ်တောင် မကူးခဲ့တဲ့ကိစ္စမို့.......
"ဗျာ..... ဘယ်လို..... ဒီအိမ်ကြီးကို ပေါင်းထားတယ် ဟုတ် လား........"
ပြောရင်နဲ့ ဆိုဖာပေါ်ကို ယိုင်ကျသွားတယ် ခြေထောက်တွေတောင် မခိုင်ချင်တော့..... သူကိုစိတ်ဆိုးလို့ ပြောတာမဟုတ်ပဲ တကယ်လုပ်ထားတာပေါ့ လုပ်ရက်လိုက်တာ သူမှာတော့ သူ ချစ်တဲ့ မိန်းမနဲ့ သမီးလေးတို့ကို ပြည့်ပြည့်စုံစုံ နေနိုင်ဖို့အတွက် သူများ ပစ္စည်းတွေကို မတရားယူပြီး လုပ်ပေးထားတာတောင် သူကို လုပ်ရက်လိုက်တာ ရက်စက်လိုက်တာ အချစ်ရယ်.......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...