အပိုင်း (50)
"ရှောင်ကျန့်ကသူကို ကြောက်တဲ့ အတွက်သူခိုင်းတာလုပ်မှာ သေချာပြီးသာပေ........ ကျစ်ကျစ်ရဲ့ အမှုကိုလည်း ကောင်လေးကို ကျေအေးခိုင်းရမယ်.... ဟားဟား.... အခုမှ ပဲ ငါ့ စိတ်ညစ်နေသမျှ ထွက်ပေါက် ရတော့တယ်..... ငါ့ရဲ့ ရွှေထုတ်လေးရေ....... ဟားဟား...... ဟို Yiboဆိုတဲ့ ကောင်လေးကို ငွေနည်းနည်း ပါးပါးပေးပြီး အနားကနေ ထွက်သွား ခိုင်းရမယ်....... ပြီးတော့ ရှောင်ကျန့်ကို သူဆီပြန်ခေါ်ရလာပြီးတော့......... ဟားဟား..... ရွှေထုတ်လေးရေ ဖေဖေပြန်လာခေါ်တော့မယ်....."သူအစီအစဥ်တွေနဲ့ သူကတော့ ဟုတ်နေတာပဲ ဖြစ်သည်.....
ပထမဆုံး ချင်းသခင်လေးက ရှောင်ကျန့်ကို လိုချင်သေးရဲ့ လား စကားပြောကြည့်ရမှာပဲ.......ဒါမှ ပြန်ခေါ်ရင် ငါ့အ တွက် အကျိုးရှိမှာ မလိုအပ်ပဲ ပြန်ခေါ်နေရင် ငါ့အတွက်အပိုဖြစ်နေလိမ့်မယ်......"ရှောင်ကျန့်ရေ.... မင်းက ငါ့အတွက် ရွှေထုတ်လေး ဖြစ်ပြီးပေါ့..... ချိန်မေရေ ကျေးဇူးကွာ မင်းတို့သားအမိက ငါ့အ တွက် အရမ်းကို အသုံးဝင်ကြတဲ့ ရတနာတွေပဲ........"
သူချင်းသခင်လေးအိမ်သို့ စိတ်လက်ပေါ့ပါးစွာ ကားလေးမောင်းပြီး ထွက်လာခဲ့တော့တယ်......
----------------------------------------------------------
ချင်းအိမ်တော်၏ ဧည့်ခန်းတစ်ခုထဲမှာတော့ ........"သခင်လေး ရှောင်ကုမ္ပဏီက အခြေအနေ သိပ်ပြီး မကောင်းတော့ဘူး ရှယ်ယာရှင်တွေ တော်တော်များများ သူတို့ရဲ့ ရှယ် ယာတွေကို ပြန်ထုတ်နေကြပြီ.......ကျွန်တော်တို့ ထည့်ထားတဲ့ ငွေတွေကို ပြန်ထုတ်လိုက်ရမလား.......သူမိန်းမက ဖမ်းခံထိဖို့ ပဲရှိတာကြောင့် အခြေအနေပိုဆိုးဖို့ပဲရှိတယ်..... ရှောင်ကျန့်ကို သတ်ဖို့ စီစဥ်ထားလို့ yiboဆိုတဲ့ကောင်လေး က သူ့အသိရှေ့နေကို အကူအညီတောင်းထားတာတဲ့ ရှေ့နေက လည်း အရမ်းတော်တော့.......... အဲ့ဒီမိန်းမက ထောင်ကျမှာ ကျိန်းသေးတယ် သခင်လေး..... "
အတွင်းရေးမှူလေး သတင်းပေးချက်ကြောင့် ချင်းသခင်လေး တစ်ယောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့တယ်......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanficအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...