အပိုင်း (21)
ကျင်းသူဌေးကတော့ စိတ်မကောင်းပေမဲ့ သူလည်း မတက် နိုင်ပေ....... သူဆီမှာ လုပ်နေတဲ့ အလုပ်သမားမို့ အားနာမိ တယ် ကိုယ်လည်း ဆင်းရဲတဲ့ ဘဝက လာတာမို့ အပြစ်မရှိ ဘဲ အလုပ်ထုပ်လိုက်ရင် စားဝတ်နေရေး ခက်ခဲသွားနိုင်တာ ကြောင့် ပိုက်ဆံမရှိတဲ့ အချိန်မှာ နောက်အလုပ်ရှာဖို့ ဆိုတာ မဖြစ်နိုင်ပေ....... ပြီးတော့ သူဆီမှာ မရတဲ့ အပြင် အခြား သူတွေကို ပါပြောခိုင်း ထားတာမို့ ကြည့်ရတာ yiboအ တွက် မကောင်းနိုင်ပေ...... သူလည်း အလုပ်သမား တစ် ယောက် အတွက် မားမားမတ်မတ် ရပ်တည်ပြီး တော့ ကိုယ်နဲ့ သွေးမတော် သားမစပ်တဲ့သူကို ကယ်တင်ဖို့ဆိုတာက ချင်းသ ခင်လေးရဲ့ ကျေးဇူးကြွေးတွေက ရှိသေးတယ်........ ပြီး တော့ တစ်ယောက်တည်း စီးပွားရေလုပ်ပြီး ရပ်တည်ဖို့ ဆို တာ မဖြစ်နိုင်ပေ သူအတွက် စွန့်စားလွန်းရာ ကြပေ မည်..... ဒါကြောင့် သူလည်း နောက်ဆုံးတော့ yibo ဆိုတဲ့ အလုပ် သမားလေးကို သာထုတ်ရတော့မည်... သူဆီ ကနေလိုချင် တဲ့ အဖြေရသွားတော့.......
"ကောင်ပြီ ခင်ဗျားအရမ်းတော်တယ်........ ကျွန်တော် ခိုင်း တဲ့ အတိုင်းလုပ်ပေးတဲ့ အတွက် ခင်ဗျားမနစ်နာစေရဘူး...... ပြီးတော့ သူကို ထုတ်လိုက်လို့ စိတ်မကောင်း မဖြစ်နဲ့...... အ လုပ်ထုတ်ရင် သူကို ပြောလိုက်နော်...... ပေးစရာ ရှိတာ ပေးလို့ ခေါင်းမမာနဲ့လို့ တကယ်လို့ တောင်းထားတဲ့ ပစ္စည်း လေးကို ပေးမယ်ဆို သနားသဖြင့် ချက်ချင်း အလုပ်ခန့်မယ် လို့ ပြောလိုက်ပါ...... ခေါင်းမမာနဲ့လို့ အစားအိမ်က ဗိုက်စာ တက်တယ်လို့ ချင်းသခင်လေးက ပြောခိုင်းလိုက်တယ်လို့ ပြောလိုက်ရင် သူသိပါတယ်......... ဟားဟား......."
သူကိုပြောပြီး ထွက်သွားတဲ့ ချင်းသခင်လေးကိုလည်း နားမ လည်နိုင်...... yiboဆိုတဲ့ ကောင်လေးကလည်း ဘာပစ္စည်း ယူထားတာပါလိမ့်...... ချင်းသခင်လေးနဲ့ သွာပတ်သတ်တာ ဆိုတော့ ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်သလို ခက်ခဲ့လိမ့် မယ်.......
"ဟူး..... မလွယ်ဘူး......"
သက်ပြင်းချပြီးတော့ Yiboဆိုတဲ့ ကောင်လေးနဲ့ အတွဲ အ များဆုံး ရှင်းပင်တို့ ညီအစ်ကိုနှစ်ယောက်နဲ့ ပြော ခိုင်းရမယ် မနက်ဖြန် အလုပ်မလာနဲ့တော့ ဆိုတဲ့ အကြောင်းကို အသိ ပေးရမယ်....... တကယ်လို့ရောက်လာရင် ငါ့ပါ ပြဿန တက်သွားလိမ့်မယ် သခင်လေးလက်ကနေ....... ပြီးတော့ တခြားသူတွေကိုပါ အလုပ်မခန့်ရန် ဖုန်းဆက်ပြီး အကြောင်း ကြားလိုက်တယ်....... စိတ်ထဲမှာတော့ yiboဆိုတဲ့ ကောင်လေးကို တောင်းပန်မိတယ်....... မလွှဲသာလို့ လုပ် လိုက်ရတာမို့ သူကို နားလည်စေချင်ပါတယ် ကောင်လေး ရေ.......
-----------------------------------------------------------
ရှောင်သခင်ကြီးတို့ မနက်စာ စားနေကြတဲ့ အချိန်သည် ရှောင်ကျန့် မရှိတော့ မိသားစုကြီး သာယာနေကြတယ်........
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanficအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...