အပိုင်း (67)
အန်ကယ်အမေးကို သူ ခေါင်းခါပြပြီးမှ....."ကျွန်တော် မပြောရသေးဘူး...... ယုန်လေးက ချမ်းသာတဲ့ အသိုင်းဝိုင်တွေကို ကြောက်နေတဲ့ပုံပဲ.....သူအဖေကိုယ်တိုင်က ငွေကြေးပြည့်စုံရဲ့သားနဲ့ ကလေးကို စိတ်ဒဏ်ရာရအောင် လုပ်ခဲ့တယ်..... ကျွန်တော်က ပျော်ရွှင်အောင် ဘယ်လောက် ထားထား ကလေးရဲ့ ရင်ထဲက နာကျင်မှုကို အရှင်းကြီး ပျောက်အောင် မလုပ်ပေးနိုင်ဘူး..... ဒါပေမဲ့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ.... ကျွန်တော် ကလေးပျော်ရွှင်အောင် ဖန်းတီးပေးမယ်.... သူကို ကျွန်တော် မနက်ဖြန်ညမှပြောမယ်........ စောစောအသိပေးလိုက်ရင် သူပိုလန့်ပြီး ကြိုကြောက်နေမှာ စိုးတယ်..... ဖြစ်လာမယ် အရာကို ကြိုပြီးကြောက်မနေစေဘူး..... ဘာပဲဖြစ်လာဖြစ်လာ ကျွန်တော်ရှင်းပေးမယ် သူ့ရှေ့ကနေ ဘာအန္တရာယ်မှ မရှိအောင် ကျွန်တော် ကာကွယ်မယ်...... ဒါနဲ့ အန်ကယ် ကျွန်တော်ပြောထားတာလေးစီစဥ်ပေးနော် ကျွန်တော် နည်းနည်းလေးတောင် မစောင့်နိုင်တော့ဘူး......"
အရမ်းအဖြစ်သည်းနေတဲ့ တူဖြစ်သူကို ကြည့်ပြီးတော့......
"အေးပါကွာ.... မင်းအဖေဆုံးပြီးထဲက အမျိုးဆိုလို့ ပြေးကြည့်ရင်တောင် မင်းတစ်ယောက်ထဲ ရှိတာကို ငါ့ကမင်းတောင်းဆိုတာလုပ်ပေးမှာပေါ့.....စီစဥ်ထားပြီးသားပါ စိတ်မပူမနေနဲ့ မင်းသာ အဆင်ပြေအောင်လုပ်စမ်းပါ......"
တူဝရီးနှစ်ယောက်တစ်ယောက်ကို တစ်ယောက် ရယ်မောရင်းအောက်ထပ်ကို ဆင်းသွားကြတော့တယ်.... မနက်ပိုင်း အိပ် ရာကနေ နောက်ကျမှ နိုးလာပေမဲ့ အိမ်အောက်ကို မဆင်းရဘူးလို့ မှားထားလို့ သူအခန်းလေးထဲမှာပဲ ငြိမ်ငြိမ်လေးထိုင်းနေမိတယ်... သူအတွက် အဆင့်သင့်ပြင်ပေးထားတဲ့ မုန့်လေးနဲ့ ဘေးမှာက စာလေးတစ်စောင်ပါတွေ့လိုက်ရတော့ ယူကြည့်မိလိုက်တော့......
"ယုန်လေး စားပွဲပေါ်က မုန့်လေးကို စားပြီး အခန်းထဲမှာပဲနေနော်..... ပျင်းနေမှာစိုးလို့ ကိုယ်ဖုန်းထားပေးခဲ့တယ်နော်....."
အမှန်အတိုင်း ပြောရရင် နိုးနိုးချင်းyiboကို တွေ့ချင်သေးပေမဲ့ အခုထိမတွေ့ရသေးတာမို့ ဟိုတွေးဒီတွေးနဲ့ ရောက်တက်ရာကို တွေးနေမိလိုက်တယ်.....
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...