အပိုင်း (35)
နောက်တစ်ခါချက်မှာ ဆိုးလို့ ဆူတာကို သူကိုမလုပ်စေချင်လို့ ပြောတယ်လို့ အထင်မှားသွားပြီး စိတ်မကောင်းတဲ့ ပုံစံဖြစ်သွားကာ.........
"ကျန်ကျန့်က yiboပြန်လာရင် ပင်ပန်းနေတော့ ဟင်းချက်နေရရင် ဗိုက်စာနေမှာစိုးလို့ ချက်လိုက်တာ ဒါပေမဲ့ ဟင်းက ငံသွားပြီး စပ်နေတာပဲ တောင်းပန်ပါတယ်....... "
မဝံမရဲ ပြောနေတဲ့ ယုန်လေးကို ကြည့်ပြီး သူအသည်းတယား ယားဖြစ်နေပါတော့တယ်........
"ဟင့်..... ကိုယ်ကို ပင်ပန်းမှာ စိုးရိမ်တယ်ဆိုတော့ ဘာဖြစ်လို့လဲဟင် ကိုယ်ကို ချစ်လို့လား...... ဒါကြောင့် ချင်းချင်း ကိစ္စ သဝန်တိုနေ တာပေါ့ ဟုတ်လား.... ကိုယ်အရမ်း တုံးတာပဲ.......ဟားဟား..... မျက်နှာလေးနီရဲနေတာ ချစ်စရာလေးကွာ ........"
သူစတော့ မျက်နှာလေးရဲပြီး ရှက်နေတဲ့ ယုန်လေးက သူ့ရင်ဘက်ကို မနာအောင် ထုပြီး ငိုပါတော့တယ်......
"ကျန်ကျန့်ကို လိုက်စနေတယ် မခေါ်တော့ဘူး...... ဟင့်ဟင့်...... "
"အင်းအင်း ကိုယ်မစတော့ဘူး တိတ်တိတ်နော့်...... "
သူမျက်ရည်လေးတွေ သုတ်ပေးရင် ကလေးတစ်ယောက်လို ချော့နေမိတယ်......... အမှန်တော့ ဒီယုန်လေးက အားငယ်တက်တာ သူသိတယ် သူများရှေ့မှာ သန်မာချင်ယောင်ဆောင် ထားပေမဲ့ အတွင်းစိတ်က နူညံတယ်ဆိုတာ သူသိတာကြောင့် ခုနက ဝမ်းနည်းနေတဲ့ စိတ်ကလေး ပြေသွားအောင် သူ စနေမိတာပါ......
"ကိုယ်ကို ဘယ်အကြောင်းအရာကြောင့်နဲ့ မှ မင်းမထားခဲ့ ပါနဲ့ မင်းနဲ့ ပတ်သတ်ပြီး တစ်ခုခုဆိုရင်လည်း ကိုယ်ကို ပြောပါ ကိုယ်တို့ တစ်ယောက်ကို တစ်ယောက် ဘာအကြောင်းမှ မဖုံး ကွယ်ပါနဲ့ ကိုယ်ကို ပွင့်ပွင့်လင်းလင်းပြောပါ......."
သူကို ကြည့်ပြီပြောလာတဲ့ yiboရဲ့အကြည့်နဲ့ ခံစားချက်တွေကို တည် ငြိမ်စွာ ပြောလာတာကြောင့် သူလည်း နား ထောင်ရင်းနဲ့ ကျေးဇူး တင်မိသလို အားကိုးခြင်းများစွာနဲ့ ပိုပြီး ချစ်မိပါတယ်........
----------------------------------------------------------
ရှောင်ကုမ္ပဏီ၏ ရုံးခန်းထဲတွင် ချင်းသခင်လေး နဲ့ ရှောင်သ ခင်ကြီး တို့ အလုပ်ကိစ္စ ဆွေးနွေးလျက်ရှိတယ်.......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...