အပိုင်း (38)
အရင်က သူပိုင်အရုပ်ကလေးကို အလွယ်တကူ ယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားသမျှ အခုတော့ သူရဲ့ ရန်သူ က ခေတဲ့ သူမဟုတ်ပေ......."Yiboအကြောင်းကို စုံစမ်းပေးပါ...... ပြည့်ပြည့်စုံစုံ သိရရင်ပိုကောင်းမယ်......."
"စုံစမ်းပြီးသွားပြီး သူနောက်ကြောင်းကို ဘာမှ မသိရဘူး.... ဘယ်လို စုံစမ်းစုံစမ်း အစအနတောင် မကျန်ဘူး...... သူဘယ်က လာတယ် အရင်က ဘယ်မှာ နေလဲ ဆိုတာက အစ မသိဘူး..... အရင်ကတော့ ချမ်းသာပြီး ချမ်းသာသမျှကို အကုန် ထားခဲ့ပြီး အိမ်က ထွက်လာတာတဲ့........ ဒါတောင် သူများတွေ ပြောနေကြတာ အသိအကျ ဘာမှ မသိရဘူး..... အကုန်လုံးက မှန်လား မှားလား မသေချာဘူး.........ပြီးတော့ အဲဒီကောင်လေးက ထက်မြက်လွန်တယ်...... သူနောက်
ကြောင်းကို လုံဝ စုံစမ်းလို့မရအောင် လုပ်ထားတာဖြစ်မယ်......""ဒီကောင်လေးက ထင်ထားတာထက် ပိုပြီး အန္တရာယ်ရှိနေတာပဲ ကောင်းသားပဲ ငါ့ရဲ့ ပြိုင်ဘက်က အဆိပ်ရှိတဲ့ မြွေလေးလိုပဲ ငါ့ကိုတော့ မနိုင်လောက်ဘူး..... မင်းဘယ်လောက် တော်တော် မကြာခင် မင်းဆီကနေ ရှောင်ကျန့် ဆိုတဲ့ ကောင်လေးကို ရအောင်ယူပြမယ်....... အရင်တုန်းကတော့ ရှောင်ကျန့်လေးကို ငါ့ရဲ့ ကစားစရာလေးလုပ်ချင်လို့ အခုတော့ မင်းကအရမ်း အကဲပိုနေတော့ ငါ့ရအောင် ယူပြီး နင်းခြေပြ
မယ်........ ကိုယ်ချစ်တဲ့သူ နာကျင်ရတာကို ရင်နာနာနဲကြည့်နေပြီး ခံစားရအောင် ငါ့က လုပ်ပြမယ်........ မင်းက ငါ့နဲ့မှ ပြိုင်ချင်တာကို yiboဆိုတဲ့ကောင်လေးရေ...... ဟားဟား....... "ချင်သခင်လေး ကြိမ်းနေတာကို နားထောင်ပြီး ခေါင်းခါနေတာလျက်.......
"ဒါပေမဲ့ မင်းရဲ့ ပြိုင်ဘက်က မင်းထင်တာထက်ပို တော်နေရင်ရော့ ပြီးတော့ မင်းပြောတဲ့ ရှောင်ကျန့်ဆိုတဲ့ ကောင်လေးကလည်း အရုပ်မဟုတ်ဘူး....... သူကလည်း ခံစားတက်တယ်နော် သူအပေါ်မှာ ကောင်းတဲ့သူကိုပဲ သူချစ်တယ်ဆိုရင် မင်း ဘယ်လို လုပ်မှာလဲ တစ်ခါတစ်ရံ မဖြစ်နိုင်တာကို လုပ်ယူတာ က အကုန်လုံးရဲ့ နှလုံးသားကို နာကျင်စေနိုင်တယ် သူငယ်ချင်း........"
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...