အပိုင်း (42)
သူသည်းခံနိုင်စွမ်းကုန်းခန်းလာတာကြောင့် မိန်ကလေးဆိုတာလည်း ခေါင်ထဲမရှိတော့ပဲ အားမနားစတမ်းစကားတွေကို ပြောချလိုက်တော့တယ်......."မင်းမရှက်ဘူးလား ငါ့မှာ လက်ထပ်ထားတဲ့ သူလည်းရှိနေပြီး နောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး ငိုပြနေတာတွေ တော်လောက်ပြီး မင်းအကြောင်းကို....... ငါ့ကောင်း ကောင်းသိတယ်...... သွားပြန်တော့ ငါ့အနားကနေသွားတော့......"
သူပြောလိုက်တော့ ချင်းချင်းရဲ့မျက်နှာထိန်းလို့ မရအောင် ပျက်သွားတာကို ချက်ချင်း ပြန်ပြင်လိုက်ပြီးတော့မှ......
"ချင်းချင်းလေ နောင်တတွေရနေပါပြီ အရင်က ငယ်သေးတော့ မိန်ကလေးပဲ အလှမက်တာပေါ့......ဒါကို ကိုကိုက အ ပြစ်လို့ မထင်သင့်ဘူးလေး....... ပိုက်ဆံမရှိတော့ ချင်းချင်း လိုချင်တာ မဝယ်ပေးနိုင်တာကြောင့် ချင်းချင်းက ပြောလိုက်မိတာကို ခွင့်လွှတ်ပေးပါ ကိုကိုရယ်....... ပြီးတော့ ကိုကို ယူထားတဲ့ သူက ကောင်လေးလေ မျိုးဆက်လည်း မမွေးပေး နိုင်မှာ မဟုတ်ဘူးလေ......မိန်းကလေးလိုလည်း မဆွဲဆောင်လောက်ဘူး ကိုကိုရဲ့....."
ဒေါသတွေအရမ်းထွက်မိတော့တယ်...... အထူသဖြင့် ယုန်လေးကို ပြောလာတာကြောင့် ......
"ငါ့အတွက် မျိုးဆက်မလိုဘူး....... သူက ငါ့ထားတဲ့ နေရာမှာ နေပြီးတော့ ငါ့ကို ချစ်ပေးနိုင်တဲ့သူ ယောကျာ်းလေး ဖြစ်နေပေမယ် သူကို ငါ့အရမ်းချစ်တယ်...... နောက်တစ်ခါ မင်းရဲ့ မသန့်ရှင်းတဲ ပါးစပ်နဲ့ သူကို လာပြီး မပုတ်ခတ်နဲ့ ငါ့မကြိုက်ဘူး ........ မင်းက ထွက်သွားချင်တုန်းက ငါ့ဆီက ခွင့်ပြုချက် မတောင်းခဲ့ပဲ့ ငါ့ဘဝကိုနင်းခြေပြီး ထွက်သွားခဲ့တယ် ..... အခု မင်းပြန်လာချင်တော့ ငါ့အနားကို ရောက်လာပြန်တယ်...... မင်းသိထားဖို့က ငါ့ရဲ့နှလုံးသားက ဝင်ချင်းတိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ရတဲ့ ဇရပ်တစ်ဆောင် မ ဟုတ်ဘူး......... အခု ငါ့မျက်စီအောက်က ချက်ချင်း ထွက်သွား လိုက်တော့........နောက်တစ်ခါ မျိုးဆက်ကိစ္စကို မင်းပါးစပ်ကနေ ကျန်ကျန့်လေးရှေ့မှာ ပြောလာရင် မင်းဘဝမင်းတွေးကြည့်လိုက်တော့......."
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanficအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...