မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး(U+Z)

6.5K 424 7
                                    

အပိုင်း(2)

ဆွဲထားတဲ့ လက်ကို မလွှတ်တဲ့ အပြင် မျက်နှာကို ပါ ဆွဲညစ် လိုက်တော့ အရမ်း နာလွန်းလို့မျက်ရည်ကျ မိတယ်......
ပြီးတော့.......စကားကြမ်းတွေနဲ့ စော်ကားယုံမက...... ကျန်ကျန့် ကို အပေါစားတွေလို့ ဆက်ဆံကာ.......

"အသားထိတာကို အမူယာပိုပြီး ရုန်းမနေနဲ့ မင်းလို ကောင်လေးကို ဒီလို နေရာမှာ အရယူ လိုက်ရင်တောင် ဘာမှ ပြောကြမှာ မဟုတ်ဘူး...... မင်းလို အနေတဲ့ ကောင်က ဒီလို ကိစ္စ အတွက်နဲ့ ဘာမှ မဖြစ်ပါဘူး မူမနေပါနဲ့....... ငါ့နဲ့ ပူးပေါင်းလိုက်ရုံပဲနော်........."

ပြောပြီး နောက် သူတစ်ကိုယ်လုံးကို ဆွဲဖက်လိုက်ပြီး အဝတ် အစားတွေကို စုတ်ဖြဲဖို့လုပ်လာတဲ့ သူကြောင့် သူအတင်း ရုန်း မိတယ်....... အရက်သောက်ထားတဲ့ သူပုံစံက မူးနေတဲ့ ပုံစံ မပေါက်တော ကျန်ကျန့် လန့်သွားတယ်...... လမ်းမကြီးပေါ်တွင် လည်း ကားတစ်စီးမှ မရှိဘူး...... အခုထိ ချုပ်ထားတဲ့ လက် ကလည်းရုန်းလို့ မရနဲ့ ဒုက္ခရောက်နေတော့တယ်......... သူတို့နောက်ကို ပါတီပွဲက ထွက်လာထဲက နောက်ကနေ ကား တစ်စီး တိတ်တဆိတ်လိုက်ပါလာတာကို သတိမထားမိ ကြ ပေ....... ရှေ့ကား ပေါ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတာကို ဝိုးတဝါးကျနေတဲ့ လမ်းမီတိုင်မှာ တွေ့နေရတယ်...... ကားမှန် က လည်းအကြည်ဖြစ်နေတော့ ကောင်လေး ရုန်းကန်တာ တွေ့နေရတယ်...... ထိုသူကတော့ လူသူကင်းရှင်းတဲ့ လမ်း ဖြစ်နေတာက တစ်ကြောင်း စကားမပြောတက်တဲ့ ကောင် လေးက မအော်နိုင်မှန်းသိလို့ အခွင့်အရေးယူနေတာမှန်း သိသာ လွန်းလှတယ်........ သူမြင်ကွင်းကို ဆက်ပြီး ကြည့် နိုင်စွမ်းမရှိတော့ပေ........

"တောက်......."

သူမနေနိုင်တော့ပဲ ကားပေါ်က ဆင်း လိုက်တော့......

"သခင်လေး........ ကျွန်တော်သွားလိုက်ပါမယ်...... "

ကားထဲကနေ လှမ်းပြောတဲ့ သူရဲ့ လူယုံကို မလိုဘူးဆိုတဲ့ သ ဘောနဲ့ လက်ကာ ပြလိုက်ပြီး ထိုးကားဆီသို့ လျှောက်သွား လိုက်တယ်........ ပြီးတော့ မောင်းသူဘက်က ကားတံခါး လေးကို  ဆွဲဖွင့်လိုက်တယ်......ရုတ်တရက် ဆိုတော့ ကြောင် ကြည့်နေတဲ့ အကောင်ကို လက်သီးနဲ့ ထိုးလိုက်တယ်........ မေ့မျှော်သွားတဲ့ ကောင်ဘက်ခြမ်းက ကားတံခါးကို ပိတ် ပြီးတော့ သူ ဟိုဘက်က ချစ်စရာကောင်လေးဘက်ကို သွား ပြီး ကား တံခါးလေးကို ဖွင့်လိုက်တော့ မျက်ရည်တွေ စိုစွတ် နေတဲ့  မျက်ဝန်းညိုညိုလေးတွေနဲ့ သူကို လန်ပြီး ကြည့်နေတဲ့ ကောင်လေးကို ကြည့်ပြီး သဘောကျမိတယ်......ဘာလိုဆို သူမျက်နှာမှာ Face mask ကို စီးထားတာကြောင့် သူ့ဘယ်သူလဲ ဆိုတာ ကောင်လေး မသိနိုင်ပေ....... အခုမှငေးနေတာကို  သတိဝင်လာတဲ့ ပုံစံနဲ့........ လက်ကလေးကာပြ ပြီး သူကို ဘာမှ မလုပ်ဖို့ တောင်ပန်းနေတဲ့ ကောင်လေးကို ဘာလုပ်မလဲ ဆိုပြီး စိတ်ဝင်စားကာ ကြည့်နေတော့....... ကောင်လေးက သူဆီမှာ ရှိတဲ့ ပိုက်ဆံတွေကို ထုတ်ပေးတော့ သူပထမ ကြောင် သွားတယ်..... နောက်မှ ​သဘောပေါက်သွားတာက ကောင်လေးက သူကို ဓားပြတိုက်တယ် ထင်ပြီး ရှိသမျှ ဟာ အကုန်ပေးနေတာကိုး......... ဘယ်လို့ချစ်စရာကောင်းမှန်း မသိတဲ့ ကလေးလေးပဲ...... သူဘာမှ မပြောပဲ ကောင်လေးရဲ့ ကားခါးပတ်ကြိုးကို ဖြုတ်ချလိုက်ပြီးတော့ ကောင်လေးကို ပွေ့လိုက်ပြီး နောက်ကားဆီကို မချီလာလိုက်တော့.......

မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)Where stories live. Discover now