အပိုင်း (34)
သူမ ထင်သားပဲ သူမလို ချောမောတဲ့ မိန်ကလေးကို ပစ်ပြီး တစ်ခြားတစ်ယောက် လက်ခံဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ သိပြီးသားပါ......
"ဟုတ်ကဲ့...... ကျွန်တော်ဒီနေ့ထိ အနှောက်အယှက် ပေးမိတာ ခွင့်လွှတ်ပါ....."
Yiboလက်ကို ဖြုတ်ချပြီး ကျန်ကျန့် ပြေးထွက်လာမိတော့တယ်..... ကျန်ကျန့်က ပင်ပန်းနေမှာဆိုးလို့ ဟင်းလေးချက်ပေးလိုက်တာကို စိတ်ဆိုးတယ်တဲ့.... သူကောင်မလေးရောက် လာတော့ လူပိုဖြစ်သွားတာပေါ့..... ပါးပေါ်က ကျလာတဲ့ မျက်ရည်ကို သုတ်လိုက်ပေမဲ့...... yiboနဲ့ ခွဲပြီးဆိုတဲ့ အသိက သူကို ပိုပြီးနာကျင်တယ်..... နာကျင်လွန်းလို နှလုံးသားတွေတောင် ငိုနေမိပြီ မျက်ရည်ကျလာသည်ကို မတားဆီးတော့ပဲ လွတ်လပ်စွာ ကျစေလိုက်တယ်....... ကျန်ကျန့် အိမ်လေးထဲကနေ အပြင်ကို ခြေချလိုက်သည်နှင့်......
"အ......"
အပြင်ရောက်ခါနီး ရှောင်ကျန့်ကို ထွက်သွားလို့ မရအောင် yibo လက်ကောက်ဝတ်ကနေပြန်ဆွဲလိုက်ကာ......
"ရှောင်ကျန့် မင်းဘာလုပ်တာလဲ ဘယ်သူက ခွင့်ပြုလို့ အိမ်ပေါ်က ဆင်းသွားတာလဲ ပြန်လာခဲ့စမ်း...... မင်းနဲ့ နောက်မှ ပြဿနာရှင်းမယ်..... "
မျက်ရည်ကျပြီး သူဆွဲတာကို အတင်းရုန်းနေတဲ့ ယုန်လေးကိုထွက်မပြေးနိုင်အောင် ရင်ခွင်ထဲ ထည့်ထားပြီး ဖတ်ထားကာ ကြိမ်းလိုက်တယ်......
ဒါကို ကြည့်နေတဲ့ ချင်းချင်းကတော့ မျက်နှာ ပျက်သွားတော့တယ်......
"မင်း ဘာလို့ ငါ့အိမ်ကို လာတာလဲ ချင်းချင်း........ အခု ထွက်သွား ငါနဲ့ နင်က ပြီးခဲ့တာ ကြာပြီး...... အခု ထွက်သွား တော့.......ငါနဲ့ ဘယ်တော့မှ လာပြီး မပတ်သတ်နဲ့......"
မိန်းကလေးတစ်ယောက်ကို မညှာမတာ ရင်ရင့်သီးသီး ပြောလာတာ ဒီရှောင်ကျန့်ဆိုတဲ့ အကောင်ကြောင့်လား yibo ရယ်......
"ကိုကို ဘယ်လိုပြောလိုက်တာလဲ မိန်ကလေးတန်မဲ့ ဒီအိမ်ထိရောက်လာခဲ့ရတာ ကိုကိုမို့ ပြောရက်တယ်နော်..... အရှက်နဲ့ သိက္ခာ တရားကို ဘေးဖယ်ထားပြီး လာခဲ့တာ.... ကိုကို ကို ချစ်နေသေးလို့ဆိုတာ နားမလည်းတာလား...... နာလည်ရဲ့ သားနဲ့ မသိချင်ယောင်ဆောင်တာလား........ အခုက သူများအိမ်ပေါ်မှာ လာနေပြီး ရှာသမျှ ဖြုန်းနေလို့ အမြင် မတော်လို့ ချင်းချင်းက ပြောနေရတာကို ကိုကိုက အပြစ်မြင်တာလားဟင်........"
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...