မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး(U+Z)

3.4K 196 2
                                    

အပိုင်း (28)

ရှောင်သခင်မကြီးက ဆေးရုံကို အချိန်မှီ မရောက်ရင် သွေးထွက်လွန်ပြီး ချိန်မေကို သေသွားအောင် ထားခဲ့ကြတယ်.....

ကံတရားက ချိန်မေဘက်မှာရှိခဲ့တယ်လို့ ဆိုနိုင်သည်.... ချိန်မေ ရည်စားက သူမအတွက် လက်ဆောင် လာပေးရင်နဲ့ သွေးတွေအိုင်ထွန်းပြီး ကိုယ်ဝန်ကြီးနဲ့ နာကျင်မှု ဒဏ်ကိုခံစားနေတဲ့ ချစ်သူကို တွေ့လိုက်ရတော့......

"ချိန်လေးရယ် ကိုယ်ဝန်ကြီးနဲ့ လှေးကာပေါ်ကနေ ဘယ်လို ကျလာတာလဲ သတိထားမှပေါ့.......ဆေးရုံသွားရအောင်..."

သွေးတွေ အိုင်ထွန်းနေတဲ့ သူမရဲ့ ကိုယ်လေးကို မရွံမရှာပွေ့ချီ သွားတဲ့ ချစ်သူ ချစ်ရက်သားနဲ့ လမ်းခွဲခဲ့တဲ့ သူကိုတောင်ပန်း တဲ့ မျက်ဝန်းနဲ့ ကြည့်ပြီး အားနာနေခဲ့တာကို.......

"အားတင်ထား အစ်ကို ဆေးရုံပို့ပေးမယ်နော် အစ်ကိုကြီးတစ်ယောက်လိုပဲ သဘောထား မအိပ်သွားနဲ့နော်.... ပြီးတော့ ဘာမှ မတွေးနဲ့ ကလေးကိုပဲ တွေးနော်..."

သတိပေးရင်း ဆေးရုံကို အမြန်ကားမောင်း ပို့ခဲ့တယ် ဆေးရုံ ရောက်တော့ အချိန် မှီတယ်ဆိုရုံမျှ ကလေးနဲ့ အမေကိုကယ်နိုင်ခဲ့တယ်...... ခွဲစိတ်ခန်းဝင်ခန်နီး မိသားစုလက်မှတ်လိုတယ်ဆိုလို့ ရှောင်အိမ်တော်ကို ဖုန်းဆက်ခဲ့တော့ ရှောင်သ ခင်ကြီးကနေ......

"ငါ့ ကလေးမှ မဟုတ်တာ ငါ့က ဘာကြောင့် လက်မှတ်ထိုး ပေးရမှာလဲ မင်းတာဝန်ယူလိုက် ငါ့အလုပ်မအားဘူး ပြီးတော့ သူမတို့ သားအမိရဲ့ သေခြင်း ရှင်ခြင်းက ငါ့နဲ့ မဆိုင်ဘူး..... အခု ငါ့ချစ်ဇနီး ကျစ်ကျစ် ကလေးမွေးထားတာ ခြောက်လ ပဲ ရှိသေးတော့ ဂရုစိုက်နေရတယ်..... ဒါကြောင့် ငါ့မအား ဘူး.... ဖုန်းထပ်မဆက်ပါနဲ့ ....."

ပြောပြီ ဖုန်းချသွားတာကြောင့် သူမအတွက် သူလက်မှတ် ထိုးပေးခဲ့တယ်......

" မေရယ် ကိုယ်မင်းကို သနားလိုက်တာ ဘာလို့ မင်းခံစားနေ ရ တာတွေကိုယ်ကို မပြောတာလဲကွာ...... ကိုယ်က မင်းတို့ သားအမိကို စောင့်ရှောက်နိုင်ပါတယ်ကွာ......"

မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)Where stories live. Discover now