မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး(U+Z)

3.4K 251 8
                                    

အပိုင်း (65)


အောက်ထပ်ရှိ ဧည့်ခန်းထဲတွင် yiboတစ်ယောက် ဖုန်းတစ် လုံးနဲ့ အလုပ်တွေ ရှုပ်နေတာမို့ ယုန်လေးကို သတိမေ့သွားမိတယ်..... အခုမှ သူစဥ်းစားမိတာက ကလေးနိုးလို့ ဘယ်သူမှ မတွေ့ရင် ကြောက်နေတော့မှာပဲ ပြီးတော့ ကလေးက သူခေါ်လာတာကို သိတာမဟုတ်ဘူး...... ခုမှ တွေးမိတဲ့ ခေါင်းကို ကိုယ်ဘာသာ အပြစ်ပေးတဲ့ အနေနဲ့ ရိုက်လိုက်ပြီး......

"ဟာ...... yiboရာ အရေးမပါတာတွေ လုပ်နေတာနဲ့ ယုန်လေးကို မေ့ထားရတယ်လို့ ယုန်လေးနိုးနေပြီလားမသိဘူး...."

သူတစ်ယောက်တည်း ညည်းမိတယ်..... ယုန်လေးကို သွားကြည့်ဖို့ အပေါ်ထပ်ကို တက်မလို့ရှိသေ မြည်းလာတဲ့ ဖုန်းကြောင့်.......

"ပြော...... "

"ဟုတ်...... သခင်လေး ခိုင်းထားသလို ချင်းကုမ္ပဏီကြီး မကြာခင် အရှုံးပေါ်တော့မယ်.......အခု ရှယ်ယာရှင်တွေက သူတို့ရဲ့ ရှယ်ယာငွေတွေ ပြန်ထုတ်ဖို့လုပ်နေတယ်....... ရှယ်ယာတွေ မထုတ်အောင် လူကြီးတွေကို ချင်းသခင်လေးက မနည်းလိုက်တောင်ပန်းနေတယ်.... ပြီးတော့ သတင်းကြားတာတော့ နေအရိပ် ကုမ္ပဏီမှာ ရှယ်ယာဝင်ဖို့ ကြိုးစားနေတယ်ကြားတယ်...... တကယ်လို့ အဲဒီကုမ္ပဏီနဲ့ အကျိုးတူ ပူပေါင်းနိုင် ရင် သူတို့ရှယ်ယာတွေ အရင်လို ပြန်ပြီး အခြေအနေ ပြန် ကောင်း မွန်လာလိမ့်မယ်လို့ ရှယ်ယာရှင် လူကြီးတွေကိုပြော ထားတာတယ်.......... ချင်းသခင်လေးက မနက်ဖြန်ညနေမှာ လုပ်မဲ့ အရိပ် ကုမ္မဏီပွဲကိုတက်ရောက်ပြီး သူဌေးကိုပြောမယ်လို့ ကြားတယ် သခင်လေး ......."

တစ်ဖက်က စကားကို နားထောင်ပြီး သူပြုံးလိုက်တယ်...... အပြုံးက နတ်ဆိုးတစ်ကောင်နဲ့တောင် တူနေတာကြောင့် မြင်ရတဲ့သူရင်ထဲ ကြောက်ရွံ့စေလောက်တဲ့ အပြုံးမျိုးဖြစ်နေလျက်......

"အေး...... ဒါဆို ဆက်ပြီး သူတို့ ဘာတွေ လှုပ်ရှားနေလဲ စုံ စမ်းထားလိုက် သတင်းထူးတာနဲ့ ပြော......"

မှားစရာရှိတာ မှာပြီးဖုန်းချလိုက်ပြီးတာနဲ့ ခြေလှမ်းကျဲကြီးတွေနဲ့ သူအခန်းရှိရာကို သွားလိုက်တယ်..... ထူးခြားတာက ခုနလိုမျိုး အေးစက်နေတဲ့ အပြုံးမျိုးမရှိတော့ပဲ ပကတိအေး ချမ်း စိတ်ရှည်တဲ့ မျက်နှာမျိုးဖြစ်နေလျက် ပြီးတော့ တံခါးလေးကို ဖွင့်လိုက်တယ်........

မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)Where stories live. Discover now