အပိုင်း (8)
ဒီနေ့ကျန်ကျန့်ရဲ့ မွေးနေလေးပါ မေမေအတွက် ကောင်းမှု ကုသိုလ် ပြုလုပ်ပေးဖို့ပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလာတော့ မနက်စာစားနေတဲ့ ရှောင်သခင်ကြီးတို့ မိသားစုကို တွေ့ရ တယ်........ လူမှန်းသိတက်စ အရွယ်ကတည်းက သူတို့ သား အမိတွေကို ထမင်းစားနေချိန် ဝင်မစားရဘူးလို့ ပြောထား တယ်....... ဒါကြောင့် မေမေရှိစဥ်ကတည်းက သွားမစားခဲ့ပေ...... အခုလည်း အပြင်သွားဖို့ လုပ်နေတဲ့ သူကိုမြင်တော့ မိထွေးက ရှောင်သခင်ကြီးအားပြောလိုက်ခြင်း ဖြစ်တယ်....
"အစ်ကို ရှောင်ကျန့်ကို ပြောမယ်ဆို........."
"အော်.......ဟုတ်သားပဲ ဒီကို ခဏလာပါဦး ပြောစရာရှိ လို့........"
ငြင်းလို့ မရမှန်းသိတော့ သူထမင်းစာပွဲမှာ ဝင်ထိုင်လိုက် တယ်.......
"ဒီနေ့မင်းရဲ့ 23နှစ်ပြည့်မွေးနေ့မှာ မင်းအမေက ရှေ့နေတွေနဲ့ ငါရှာထားတဲ့ ငွေတွေထဲက ငါ့မသိအောင်ယူထားတဲ့ ပိုက်ဆံ တွေကို မင်းကိုပေးလိမ့်မယ်.......အဲဒီပိုက်ဆံတွေက မင်း အမေ အတင်းယူထားတာတွေမို့ အခုရမယ့် အမွေတွေကို မင်း ငါ့ဆီကို ပြန်ပြီး လွှဲပေးပါ........ မင်းအမေက မင်းကို ငါ့ သားမဟုတ်တဲ့ အတွက် ငါ့ကအမွေ မပေးဘူးဆိုတာ ကြိုတင်တွက်စထားတဲ့ ပုံပဲ....... ဒါကြောင့် အကုန်လုံးကို ကြိုတင် ပြင်ဆင် ထားတာ ငါ့ပြောသာပဲ မင်းအမေက ယုတ်မာတယ် ဆိုတာ မင်းတွေ့ပြီးမလား........."
နာကျင်လိုက်တာ နှလုံးသားတစ်ခုလုံးကို ထုတ်ပစ်လိုက်သလို ခံစားရတယ် မဖိတ်ခေါ်ပဲ မျက်ရည်ကကျလာတယ် သူလည်း ပစ္စည်းတွေမလိုချင်ပါဘူး....... ဒါပေမဲ့ ကျွန်တော် သူဆီကနေ အမွေတွေတောင်းမှာဆိုးလို့လား....... ကျွန်တော် မတောင်းပါဘူး.......အခုလည်း အမေပေးတဲ့ ငွေကို သူမယူပါဘူး တောင်းရင်တောင် ပေးလိုက်မှပါ ဒါပေမဲ့ သူကြောင့် သေသွားတဲ့အမေပြောခံထိတာ စိတ်မကောင်းပါ....... တောင်ပန်းပါတယ် မေမေကျွန်တော်ကြောင့် ပြောခံရတာမို့ ကျွန်တော် တောင်ပန်းပါတယ်........လိုချင်တာကို ပေးမယ် ဆိုတာ သိအောင် စာနဲ့ ရေးပြလိုက်တယ်.......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...