အပိုင်း (56)
စားပွဲလေးပေါ်တွင် တင်ထားတဲ့ ဖုန်းလေးမြည်းသံကြောင့် ရှောင်ကျန့် ဖုန်းကို ကိုင်လိုက်ကာ......."ဟယ်လို...... yiboလား......"
တစ်ဖက်က အသံချိုချိုလေးကြားမှ yiboတစ်ယောက်သက်ပြင်းချလိုက်မိတယ်......
"အင်း...... ကိုယ်ဒီနေ့ည နည်းနည်းနောက်ကျမှာမို့ ကျန်ကျန့် လေးကို ဖုန်းဆက်လိုက်တာ...... ကိုယ်ကို ထမင်းစား မစောင့်နဲ့နော် ဗိုက်အောင့်နေမှာ စိုးလို့ ဖုန်းဆက်လိုက်တာ...... ပြီးတော့ အိမ်တံခါးကို သေချာပိတ်ထားနော် လူစိမ်းတွေဆို တံ ခါးမဖွင့်ပေးနဲ့နော်...... "
အိမ်မှာတစ်ယောက်ထဲကျန်ခဲ့တာကြောင့် သူမှာ တွေးပြီးပူနေရတာမို့ ပြောခြင်းဖြစ်သည်....... ဖြစ်နိုင်ရင် သူသွားလေးရာကိုတောင်ခေါ်သွားချင်တာ ပင်ပန်းမှာစိုးတာကြောင့်လည်းပါတယ်......
"ဟုတ်ကဲ့ပါ.....Yiboရဲ့ စိတ်ချပါ ကျန်ကျန့်ကို စိတ်မပူနဲ့အလုပ်ကို ပြီးအောင်လုပ်နော်..... ထမင်းလည်းစားအုန်းနော် အစားလွန်သွားရင် ဗိုက်အောင့်နေမယ်..... ပြီးတော့ yibo ကို မျှော်နေမယ်နော် အရမ်းချစ်တယ်......."
ယုန်လေးပြောတဲ့ စကားတွေက သူအတွက်ပိုပြီး ချစ်လာစေတယ်..... တစ်နေ့နဲ့ တစ်နေ့ ရိုးသွားတာမဟုတ်ပဲ ပိုပိုပြီးချစ်လာမိတယ်....... အနားမှာသာ ရှိနေရင် ရင်ခွင်ထဲ ဆွဲထည့်ထားလိုက်မိမလားပဲ.......
"ဟိတ်..... ရှက်ပြီး ဖုန်းမချလိုက်နဲ့ဦနော် ယုန်လေးရဲ့ ကိုယ်အသံနားထောင်လို့ မဝသေးဘူး...... ဟားဟား...... ကိုယ် အရမ်းပျော်တယ်သိလား...... တစ်နေ့လုံး ပင်ပန်းနေတာ အ ခုတော့ တီတီတာတာ အသံလေးကြောင့် ခွန်အားတွေရှိလာပြီး အားအင်တွေပြည့်လာတယ်....... ဖြစ်နိုင်ရင် အလုပ်တွေ ပစ် ထားပြီး ချက်ချင်း ပြေးလာချင်တာဗျ.... ပြောပါဦးပြန် လာရင် ဘာမုန့်တွေ ဝယ်လာပေးရမလဲ ကိုယ်ယုန်ပေါက်က လေးလေးရဲ့........"
သူမေးလိုက်တော့ စားချင်တာကို စဥ်စားသလိုနဲ့ ငြိမ်သွားသဖြင့် သူစိတ်ရှည်စွာစောင့်နေလိုက်မိတယ်......
"ဟော့ပေါ့ စားချင်လို့ "
"Ok ကိုယ်ဝယ်လာခဲ့မယ် အိမ်မှာပဲနေနော် အပြင်မထွက်နဲ့ ဒါဆိုတာတာနော်.....ညကျမှတွေ့မယ်နော်ကလေးလေး...... ကိုယ်ကို မန်နေဂျာခေါ်နေလို့ သွားလိုက်ဦးမယ်နော်....."
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
أدب الهواةအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...