အပိုင်း (15)
"မင်း....... မင်း........ ဘယ်သူမို့လို့ လာပြီး ငါ့တို့ကို စော် ကားနေတာလဲ......လူးပါးဝတဲ့ ကလေကချေကောင် ထွက် သွား........"
ဒီသူငယ်က အကြောက်အရွံမရှိ သူများအိမ်ထဲထိဝင်ပြီး ပြော ရဲလိုက်တာ....... အခုသူရောက်နေတဲ့ နေရာက ရှောင်အိမ် တော် က ပိုင်ဆိုင်တဲ့ နေရာဆိုတာ သူမသိဘူးလား...... သူတို့တွေ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲပြီး အချုပ်ထဲ ထည့်လို့ရတဲ့ အခြေအနေ ဒါပေမဲ့ ထို ကောင်လေးက တစ်ချက်တောင် တွန့်သွားတာ မရှိ စကား ပြောပျက်သား ချက် သူပြောနေတဲ့ စကားကပင် လူတစ် ယောက် ဖြတ်ပြီး မပြောရဲလောက်အောင် မောက်မားတဲ့ အရှိန်အဝါတွေ စူးရဲတဲ့ မျက်လုံးတွေ ကြောက်ရွံမှုကိုလည်းမတွေ့ရပေ....... ဆင်းရဲသားဆိုပြီး လူတစ်ဖက်သားကို အောက်ကျို့ခံမယ် အရိပ်အယောင် လုံးဝ မရှိပေ........
"ဟုတ်လား......သွားမှာပါ ခင်ဗျားမိန်းမက သူများကို ထိ ခိုက်အောင်လုပ်တဲ့ သူပဲ ကြာကြာနေရင် ခင်ဗျာပါ အသက် အန္တရာယ်ရှိနေဦးမယ်....... သတိထားပေါ့ဗျာ ခင်ဗျားက အိုနေပြီဆို့တော့......."
"ဘာ..... မင်းဘာစကားပြောတာလဲ...... ငါ့အတွက် စိတ်ပူဖို့ မလိုဘူး ငါ့ရဲ့ မိန်းမက ယင်ကောင်တို့ ခြင်းတို့တောင် မ သတ်ရဲတာ သူများကို ထိခိုက်အောင် လုပ်ရဲတဲ့ သူမဟုတ်ဘူး စိတ်ထားကလည်း ပန်းကလေးလို နူညံသိမ်မွေ့တယ် မင်း ခုဏက ရှောင်ကျန့်ကို ရိုက်လိုက်တာကို ပြောချင်နေတာမ လား........ ဒါကတော့ ရိုက်သင့်တယ် သူမွေးထားတဲ့ သမီး လေးကို လက်ကလေး သွေးထွက်အောင်လုပ်တာ ဘယ်မိဘ က ခံနိုင်မှာလဲ........ ငါ့ဆိုရင် ရွယ်မနေဘူး တစ်ခါတည်း မ ထနိုင်အောင် ကန်ပြစ်မှာ သွားကြိုက်တဲ့ နေရာမှာ မင်းကြိုက် သလိုနေ ရှောင်ကျန့် ဒီအိမ်ရဲ့ အရိပ်ကို ဘယ်တော့မှ မနင်းနဲ့ လူးပါးဝတယ် ဒီအရွယ်ထိ ကျွေးမွေး စောင့်ရှောက်ခဲ့တဲ့ ကျေး ဇူးကိုမှ မထောက် သခင်ကို ပြန်ကိုက်ချင်တယ်....... တောက်......."
သူရင်ခွင်ထဲက ဖြူဖျော့ဖျော့ကောင်လေးကို တစ်ချက်တောင် မကြည့်ပဲ ရက်စက်တဲ့ စကားတွေကို အားမနာစတမ်း ပြောချ လာတဲ့ သူကို အံဪမိတယ် ရှောင်ကျန့်အမေကကော ကိုယ်သားသမီးကို နှိပ်စပ်တက်တဲ့ သူနဲ့စိတ်ချလက်ချ ထားခဲ့ရက်တယ်..... ယုန်လေးက တစ်ခုမှကို ခွန်းတုံမပြန်ပဲ ငိုပဲ နေတယ်..... ကြည့်ရတာ မပြောတက်တာလဲပါ လိမ့်မယ်..... ကောင်လေး ပြောရင်တောင် ပြန်ကြားရမယ့် စကားတွေက ကောင်လေးရဲ့ ရင်ကို ခွဲနေတဲ့ စကားလုံး တွေ ပင်...... မဆိုင်တဲ့ သူတောင် ရှောင်သခင်ကြီးရဲ့ စကား တွေက ဒေါသ ဖြစ် စေတဲ့ စကားတွေကြီးပဲ ဖြစ်တယ်.......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...