အပိုင်း (23)
သူမရဲ့ ဒေါက်မြင့်ဖိနပ်နဲ့ တက်နင်းထားတာကြောင့် ရှောင်ကျန့်ရဲ့ လက်ကလေး နာလွန်းလို့ မျက်ရည်ကျပြီး အသံ ထွက်သွားသည် အထိ ညည်းမိတယ်.......... ယောကျာ်း လေး ပေမယ့်လည်း နာလွန်းတာကြောင့် သူ့ အားနွဲ့တဲ့ မိန်းက လေး ဆိုပြီးလည်း သူမကို မညှာနိုင်တော့ပဲ သူမကို တွန်း လိုက်မိတယ်.......သူလက် ဖိနပ်အောက်က လွတ်သွားရုံ လေးသာ တွန်းလိုက်မိသည်...... အဲဒီ အချိန်မှာပဲ ကားပါ ကင်ကနေ ကားထားပြီး သူတို့ ဘက်ကို လျှောက်လာတဲ့ချင်း သခင်လေးကို လှမ်းမြင်လိုက်တာကြောင့် သူမ အကြံရသွား ကာ ရှောင်ကျန့် တွန်းတာက ဖြည်းဖြည်းလေး အားမပါပေမဲ့ ချင်းသခင်လေး သူမကို သနားသွားအောင် မာယာများလိုက် ပြီး ကြမ်းပြင်ပေါ်သို သူမက လူတွေ သတိထားမိသွား အောင်.......
"အား......."
သူမ ဖင်ထိုင်ရက် ပြုတ်ကြသွားတဲ့ ပုံစံမျိုး လုပ်ပစ်လိုက် တယ်........ ပြီးတော့ ချက်ချင်းဆိုသလို မျက်ရည်တွေကျ လာပြီး ရှက်ရွံပြီး အားနွဲ့တဲ့ မိန်းမလှလေး တစ်ယောက်ရဲ့ပုံစံ ကို .......လူတွေသနားသွားမယ် ပြီးတော့ ချင်းသခင်လေး ရဲ့ ဂရုဏတွေ အကြင်နာတွေလည်းရမယ် ရှောင်ကျန့် ကို လည်း မုန်းသွားပါလိမ့်မယ်....... သူမအတွက်ကတော့ နစ်နာစရာ ဘာမှ မရှိပေမယ် ရှောင်ကျန့်ကိုတော့ အကုန်လုံး က မိန်းကလေးကို အနိုင့်ကျင့်တဲ့ ကောင်လို့ သတ်မှတ် ကြ လိမ့်မယ်...... ပို့ပြီး သူပေါ် သနားလာအောင် မျက်ရည်တွေ တာကျိုးသလို ကျပြရင်းနဲ့......
"ရှောင်ကျန့်ရယ် ငါ့က နင့်ကို ကိုယ်မောင်လေးဆိုတဲ့ အသိနဲ့ နှုတ်ဆက်တာကို ငါ့ကိုတွန်းချရက်တယ်.......... ငါ့ဘာ အ မှား တွေလုပ်မိလို့ နင့်ကို စိတ်ဆိုးစေတာလဲဟာ..... ငါ့က နင့် နဲ့ အတူတူကြီး ပျင်းလာတာပါ အဖေကြောင့်နဲ့ ငါ့ကို စိတ်ဆိုး ရင်တောင် နင့်ပြောလို့ရတယ် ငါ့က နင့်ပြောတဲ့ အတိုင်း လုပ် ပေးမဲ့သူပါ......ဟင့်ဟင့်...... နင့် ပစ္စည်းတွေ ပြန်လိုချင် တယ်ဆိုရင် ငါ့က ငါ့ရဲ့အမွေတွေတောင် နင့်ကို ပေးဖို့ အသင့် ပါပဲ ပစ္စည်းတွေ မလိုချင်ဘူး အရင်ကလို မောင်လေး အဖြစ် နဲ့ ပြန်လာရင် ကျေနပ်နေမယ့်သူပါ..... ဟင့်ဟင့်........"
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...