မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး(U+Z)

4.6K 301 4
                                    

အပိုင်း(7)


ရှောင်သခင်ကြီး ကုမ္ပဏီကို ရောက်လာတော့ အတွင်းရေးမ လေး စကားကြောင့် မျက်ခုံးလေးတွန့်သွားမိတယ်......... ဘာလို့ ငါ့ကို ချိန်းခိုင်းတာလဲ ရှောင်ကျန့်ကြောင့် ခေါ်တွေ့တာ လား..........ဘယ်သူကြောင့်ပဲဖြစ်ဖြစ်သွားရမည်သာ...... မသွားလို့ မရပေ သူတို့ မိသားစု အပေါ် ကျေးဇူးရှိတာမို့ တကူတက ချိန်းတာ သူမှာ ငြင်းပိုင်ခွင့် မရှိပေ....... ချင်း မိသာစုက သူတို့ရှောင်မိသားစုအား စီးပွားရေး အဆင်မ ပြေတုန်းက သူတို့ကို ငွေစိုက်ထုပ်ပေးခဲ့တဲ့ အတွက် စီးပွားရေးက ပြန်ပြီး အဆင်ပြေလည်လာတယ် အကြွေးတွေ အကုန်လုံးဆပ်ပြီးပေမယ်........ ဒုက္ခရောက်နေတဲ့ အချိန် မှာ ကူညီခဲ့တာမို့ ကျေးဇူးကြွေးကတော့ ရှိသည်သာ ချင်းသခင် ကြီးနဲ့ ကတိစကားရှိခဲ့တာကတော့ နောင်တစ်ချိန် သားသမီး အချင်းချင်း လက်ထပ်ပေးဖို့ ဆန္ဒရှိခဲ့ကြတယ်...... ဒါဆို ရှောင်ကျန့်ကိုလာ တောင်းတာလား ဒါဆိုရင်တော့ ငါ့တို့ရဲ့ အစီအစဥ်တွေ ပျက်ပြီပဲ ဒါပေမဲ့လည်း အကျိုးအကြောင်း လေး သိရအောင် သွားကြည့်မှပဲ......... ခန်းနားထည်ဝါလှတဲ့ စားသောက်ဆိုင်ရဲ့ အထူးအခန်းထဲတွင် ​​သေသပ်ကျနစွာ ဝတ်ဆင်ထားတဲ့ လူကြီးတစ်ယောက် ထိုင် နေတာ တွေ့တော့ လျှောက်သွားပြီး ထိုသူရဲ့ မလှမ်းမကန်းမှာ ရပ်လိုက်ကာ.....

"ရှောင်မုတ်ကြင်ပါ....... "

"ကျွန်တော်က ချင်းစစ်ရန်ပါ ချင်းသခင်လေးဖြစ်တဲ့ ရန်မင်း ရဲ့ ဦးလေး ပါ...... တွေ့ရတာ ဝမ်းသာပါတယ်....... ထိုင်ပါ လွတ်လွတ်လပ်လပ် ဆွေးနွေးချင်လို့ တူလေးကိုယ်စား ကျွန်တော် လာခဲ့တာပါ........"

Flash Back

ချင်းသခင်လေးရဲ့ လူယုံက သူစုံစမ်းသမျှကိုပြောပြပြီး နောက် ပထမတော့ အတွင်းရေးမှူးကို လွှတ်ပြီး မင်္ဂလာ ကိစ္စ ကို ပြောခိုင်းလိုက်မယ်လို့ တွေးထားကြတယ် နောက်မှ.......

"တူလေး အန်ကယ်တစ်ခုလောက် မေးချင်တယ် တကယ်လို့ သူတို့က မင်းကို ရှောင်ကျန့်ဆိုတဲ့ စကားမပြောတက်တဲ့ ကောင်လေးနဲ့ စကားမြန်လာရင် ဘယ်လိုလုပ်မလဲ ......."

မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)Where stories live. Discover now