အပိုင်း (22)
ဧည့်ခန်းထဲတွင် ထိုင်နေတဲ့ ဦလေးဖြစ်သူကို တွေ့တော့ မ ကောင်း တက်လို့ ပြုံးပြလိုက်ရတယ် ပြီးတော့ ဦလေး ဒီမှာမ နေပါစေနဲ့လို့ စိတ်ထဲ ဆုတောင်နေမိတယ်........
"အန်ကယ်ချန်း မတွေ့တာ ကြာပြီနော် နေကောင်းလား...... ဘယ်ကိုလာတာလဲ အလည်လား အလုပ်ကိစ္စလား......"
လို့ ရှောင်သခင်ကြီးက ရင်းနှီးပျူငှာစွာ နှုတ်ခွန်းဆက်လိုက် ရင်း မေးလိုက်ခြင်း ဖြစ်သည်.......
"အေးကွာ...... လာတာတော့ အလုပ်ကိစ္စရှိလို့ နည်းနည်းကြာ မယ်.... ပြီးတော့အန်ကယ်သမီးလို ချစ်ရတဲ့ ကျစ်ကျစ်လေးနဲ့ သားကို သတိရနေတာကြောင့် ဝင်လာတာ ပြီးတော့ မြေးမ လေးကိုလည်း မတွေ့တာကြာပြီလေ.... တည်းတဲ့နေရာ တော့ ဟိုတယ်မှာပဲ တည်းတော့မယ်......."
ရှောင်သခင်ကြီးက ဇနီးဖြစ်သူရဲ့ ဦးလေးဖြစ်နေတာကြောင့် ဟိုတယ်မှာ နေမည်ကြားတော့ မသင့်တော်တာကြောင့်......
"ဟာ...မဟုတ်တာ......ဒီမှာ တည်းပါလား အန်ကယ်တူမ လည်း ရှိနေတော့ ဒီမှာပဲ နေလိုက်ပါလား...... အလုပ်ကိစ္စပြီး မှ ပြန်ပေါ့ မဟုတ်ဘူး လားညီမ..... ဒီမှာဆို နားလည်းအေး တယ် ကျွန်တော်တို့က မနက်ဆို အလုပ်သွားတော့ ညီမက လည်း တစ်ယောက် တည်းကျန်ခဲ့တာ ဆိုတော့ ဦးလေး ရှိ တော့ စကားပြောဖော်ရ တာပေါ့........ မဟုတ်ဘူးလား ချစ် လေးရဲ့...... "
အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီမှာ နေမှာ သူမသိပ် မ ကြိုက်ပေ....... ဖြစ်နိုင်ရင် ဒီအိမ်မှာ သူမ မနေစေချင်..... ဒါပေမဲ့လည်း သူမသာ မနေခိုင်းရင် နောက်ဆက်တွဲမေးလာ မယ့် စကားတွေကို မဖြေနိုင်ပေ ထို့ကြောင့် အလိုက်သင့် ခေါင်းလေး ငြိမ့်ပြလိုက်တာကြောင့်......
"ဒါပေမဲ့ အန်ကယ်ရှိတော့ မင်းတို့ မလွတ်လပ်ပဲ နေမှာပေါ့ ဟိုတယ်မှာ နေတာ အပန်းမကြီးပါဘူး...... မင်းကို ကျေးဇူး တင်ပါတယ်သား....... အခုလို ပြောဖော်ရတာကိုက အန်ကယ် ကတောင် ဝမ်းသာနေမိတာပါ......"
"ဒါဆိုရင် ကျွန်တော် ပြောတာ မငြင်းပါနဲ့တော့ အခုပဲ ပစ္စည်း တွေ သွားသယ်လိုက် ကြမယ်လေ ...... ပြီးတော့မှ အန်ကယ် သွားချင်တဲ့ နေရာကို ကျွန်တော် ပို့ပေးပါ မယ်......."
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...