အပိုင်း (41)
ဂိုထောင်ထဲက သူမ ထွက်လာတော့ လူပြတ်တဲ့ နေရာမို့လမ်း မကြီးအတိုင်း စုရင်းတစ်ယောက် ပြေးနေမိတယ်....... သူမရဲ့ နောက်ကို လိုက်လာတာ ဘယ်က လူတွေ လိုက်လာတာလဲ....... ဒါရှောင်ကျန့် လက်ချက်ပဲ ဖြစ်ရမယ် ငါ့ကို လက် စားချေတာ ဖြစ်ရမယ်......." ပြေးထားမှ မိရင်မလွယ်ဘူး....... စောင့်ကျင့်မကောင်းတဲ့ ကောင်လေး ငါ့အပေါ် ယုတ်မာတယ် အမကို အမလို မဆက် ဆံဘူး...... "
သူမ ရှောင်ကျန့်ကို စိတ်ထဲက ကျိန်းဝါးလိုက်တယ်...... ပြေး လာတာလဲ မောပန်းနေပြီ...... ဘယ်ထိပြေးရမှာလဲ.....သူမတစ်ယောက်တည်း ဒေါသတွေထွက်နေမိတယ်......
"ဟိတ်.... ဆက်မလိုက်နဲ့တော့ ဟိုဘက်ရောက်သွားပြီဆို တော့ သူကံပဲ လွှတ်ပေးလိုက်တော့..... ပြီးတော့ ငါ့တို့ သခင်လေးက သူကို ခြောက်ခိုင်းလိုက်တာဆိုတော့ လက်လွန်သွားရင် မကောင်းဘူး...... ပြန်ကြစို့..... "
စုရင်းနောက်ကို လိုက်နေတဲ့သူတွေကို ခေါင်းဆောင်က တားလိုက်တာကြောင့် ဆက်မလိုက်တော့ပေ......
"သူကို လွှတ်ပေးလိုက်တော့ မလို့လား ခေါင်းဆောင်.... "
"လွှတ်ပေးလိုက်တော့ ကျန်တဲ့ ကိစ္စ ငါ့ရှင်းမယ်......."
"ဟုတ်ကဲ့......"
ငါ့ရဲ့နောက်ကလိုက်လာတဲ့ လူတွေ မျက်ခြေပျက်သွားပြီး ငါ့လွတ်သွားပြီး ကောင်စုတ်လေး နင့်အေးအေး နေရမယ် လို့ မထင်ထားနဲ့......"
သူမကြိမ်းဝါးရင် ကားငှားလို့ရမယ် နေရာကို ထွက်လာခဲ့တယ်....... အဝတ်အစားက သပ်ရပ်မှုမရှိပဲ ခန္ဓာကိုယ်ကလည်း ချွေးစေးတွေ နဲ့ စေးကပ်လို့နေတော့တယ်........
"ဟိတ်....... ညီမလေး တစ်ယောက်တည်းလား အစ်ကိုတို့ လိုက်ပို့ပေးမယ်......အခုဝတ်ထားတဲ့ လက်ဝတ်ရတနာပစ္စည်း တွေ ထားခဲ့လိုက် ဟားဟား....... "
"ရှင့်တို့ ဘယ်သူတွေလဲ ကျွန်မရဲခေါ်လိုက်မှာနော် သွား ထွက်သွား....... "
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Фанфикအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...