အပိုင်း (74)
မျက်နှာနုနုလေးကို ငုံးမိုးကြည့်နေပြီးတော့ ယုန်လေးနှုတ်ခမ်းက ထွက်လာမဲ့ စကားလေးတွေကို စောင့်ဆိုင်ရင်းနဲ့ ငေးကြည့်နေမိတယ်... Yiboကို ကျန်ကျန့် ဘယ်လို ပြောပြရမလဲ မချစ်လို့မဟုတ်ပါဘူးဆိုတာ..... သူအတွက်နဲ့ yiboကို စိတ်ရှုတ်နေတာမျိုး မလိုလားလို့ ဆိုတာ ဘယ်လိုဖြေရမလဲ...... ပြီးတော့ ယောင်္ကျားလေးမို့ နုနုညံညံလေး ဖြေရမှာ ရှက်တာပေါ့......
"ကျန်ကျန့် မချစ်လို့ ဒီလို ဆုံးဖြတ်တာမဟုတ်ပါဘူး..... တန် ဖိုးမရှိတဲ့ ကျန်ကျန့်ရဲ့ ဘဝကဘယ်လိုပဲဖြစ်နေနေ ပြဿနာမရှိပေမဲ့..... Yiboနဲ့ Wang Groupကတော့ အဲဒီလို မဟုတ်ဘူး ကျန်ကျန့်အတွက်ကြောင့်နဲ့ ဆုံးရှုံးခံရမယ်ဆိုရင် မတရားဘူးလေ..... ပြီးတော့ ကျန်ကျန့်က yiboတို့ ဘဝထဲကို မဖိတ်ခေါ်ပဲရောက်လာတဲ့ ဒုက္ခသည်ပါ...... ကျန်ကျန့် အပေါ် ကောင်းပေးတဲ့ သူတွေကို ဘယ်လို အင်အားနဲ့ ဒုက္ခတွင်းထဲ ဆွဲခေါ်ရက်မှာလဲ... ကျန်ကျန့်ကို မချစ်ဘူးလို့ မစွတ်စွဲပါနဲ့ yiboရယ်... စတွေ့ကတည်းကနေအခုထိ yibo ဆီကို ပြဿနာတွေ သယ်လာတဲ့ သူပါ......."
ပြောပြီးခေါင်းငုတ်သွားတဲ့ ယုန်လေးကို ငေးကြည့်ရင်းနဲ့.....
"တကယ်လို့ကိုယ်မှာ မင်းကို ဝန်ခံစရာကိစ္စတစ်ခုရှိတယ်...... ကိုယ်ဝန်ခံရင်မင်း စိတ်မဆိုးရဘူးနော်...... စိတ်ဆိုးလည်း ကိစ္စမရှိဘူး... ဘာလို့ဆို ကိုယ်က မင်းကို ဘယ်လိုအကြောင်းနဲ့မှ ဆုံးရှုံးခံမှာမဟုတ်ဘူး...... အခု ဝန်ခံတယ်ဆိုတာက ကိုယ်မင်းအပေါ် ဖုံးကွယ်ထားတာမရှိစေချင်လို နောက်ပိုင်း ဘာကိစ္စနဲ့မှ မင်းအထင်လွှဲ မနေစေချင်ဘူး..... မင်းကိုယ်တိုင် ကိုယ်နားကို ရောက်လာတာမဟုတ်ပဲ..... ကိုယ်ကသာ မင်းနားကိုရောက်အောင် လာခဲ့တာလို့ပြောရင် မင်းယုံကြည်လား ကျန်ကျန့်ဟင်......"
Yiboတစ်ယောက် သူမေးလိုက်တာကို နားမလည်စွာနဲ့ ပြန်ကြည့်လာတဲ့ ယုန်လေးရဲ့ နှာခေါင်းလေးကို ချစ်စနိုးလေးနဲ ဖွဖွလေးထိလိုက်တယ်....... နားမလည်တာကို မနေနိုင်ပဲ ပြန် ပြောရှာတဲ့ ယုန်လေးက.......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Фанфикအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...