အပိုင်း (61)
ရှောင်အိမ်တော်ရဲ့ဧည့်ခန်းထဲမှာ ရှောင်သခင်ကြီးတစ်ယောက် တည်း လွတ်လပ်စွာ ပြောနေလျက်......
"သူတို့တွေကတော့ ခင်ဗျာလို အတ္တသမားနဲ့ နောက်တစ်ကြိမ်ပြန်ဆုံချင်ပါမလား....... သူတို့တွေ အပေါ်လုပ်ခဲ့တာ အားနားမိတဲ့ အချိန်တွေကောရှိသေးရဲ့လား....... ကိုယ်အတွက်ပဲ ကြည့်ပြီး ချိန်မေကို ချစ်တဲ့စိတ်နဲ့ တစ်ခါလောက်ငဲ့ ကြည့်ဖူးတဲ့ အချိန်ကော ရှိရဲ့လား....... ရှောင်ကျန့် လေးအပေါ် သားဆိုပြီး တစ်ခါလောက် နွေးနွေးထွေးထွေးပွေ့ဖက်ပြီ အတူတူ နေဖူးတဲ့ အချိန်တွေ ရှိခဲ့ဘူးလား........ ကလေးကို အားမနားတက်ဘူးလား......"
အသံနဲ့အတူ တံခါးဝတွင်ပေါ်လာတဲ့ လူရိပ်ကြောင့် ရှောင်သ ခင်ကြီးကြည့်လိုက်မိတော့......
"ဟင်...... ဝမ်ကျန်းရင်အော် မင်း......မင်း....... ဘာလာလုပ်တာလဲ..... သွားထွက်သွား ငါ့အိမ်ကနေအခု ထွက်သွား မင်းလာစရာကို မလိုတော့ဘူး....... မင်းရည်စား ချိန်မေက သေသွားပြီ ဒီကို လာစရာ ဘာအကြောင်းမှမရှိဘူး...... ပြီးတော့ ရှောင်ကျန့်က ငါ့သား ငါ့ရဲ့ အသွေးအသားကနေ မွေးဖွားလာတဲ့ ကလေးမို့ ငါ့သူဘဝကို စိတ်ကြိုက် ပုံဖော်နိုင်တဲ့ အခွင့်အရေးအများကြီး ရှိတယ်...... မင်းဘာမှ ငါ့တို့ မိသား စုထဲ ဝင်ရောက်ပြောဆို ပိုင်ခွင့်မရှိဘူးနော်......"
ဝမ်ကျန်းရင်အော်က မဲ့ပြီး ရှောင်သခင်ကြီးကို ကြည့်လိုက် ပြီးတော့ ခနဲ့ပြုံး ပြုံးလာကာ.......
"ဟုတ်တယ်..... မင်းမိသားစုအရေးကို ငါ့မှာ စွတ်ဖက်ပိုင်ခွင့် မရှိဘူးဆိုတာမှန်တယ်....... ဒါပေမဲ့ ရှောင်ကျန့်က ချိန်မေလေးရဲ့သားမို့ ငါ့ဝင်ပြောနေတာ...... ပြီးတော့ အရင်ကထက် ငါ့မှာ ပြောဆိုနိုင့်တဲ့ အခွင့်အရေးတွေ အများကြီးရှိတယ်... "
"မလိုပါဘူး...... မင်းသာငါ့အိမ်ထဲက ထွက်သွားရင် အဆင် ပြေတယ် ပြီးတော့ ရှောင်ကျန့်ကိစ္စက မင်းနဲ့မဆိုင်ဘူးဝေးဝေးနေပါ...... တားနေတဲ့ ကြားက ပါဝင် ပါတ်သတ်လာရင်တော့ သရေဖြတ်မှုနဲ့ တရားစွဲမယ်....... ရှောင်ကျန့်ကို အုပ်ထိန်းခွင့်ရတာ သူ့အဖေတစ်ယောက်ထဲ ကျန်တဲ့လူတွေက ဘာမှ လုပ် ပိုင်ခွင်မရှိဘူး........ မင်းက ချိန်မေရဲ့ ရည်းစာဆိုတော့ ကိုယ်နေရာကိုယ်မသိမှာ စိုးလို့ ငါ့က သတိပေးရတာ..... "
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...