မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး(U+Z)

3.5K 194 8
                                    

အပိုင်း (31)

သူအတွက်လုပ်ပေးတယ်ဆိုတာ သိရတော့ ကြည်နူးပြီး သူဝမ်းသာမိတယ်............ ရင်ထဲလှိိုက်လှိုက်လဲလဲ ခံစားနေရတယ်....... နောက်မလုပ်ရဲအောင် တမင် သူ ဆူနေတာပါ..... အပြင်လောက က လူတွေက မာယာများပြီး အဆိပ်ရှိကြတယ်....... ဖြူစင်ပြီး လူတွေအကြောင်းနားမလည်တဲ့ ယုန်လေးကို တခြားလူတွေရဲ့ ညစ်ပတ်ယုတ်မာမှုနဲ့ မထိတွေ့စေလိုပေ........

"ဟင့်ဟင့်...... ဟင့်ဟင့်....... ကျန်ကျန့်ကို မခေါ်ပဲမနေပါနဲ့ နောက်တစ်ခါ Yiboမသိအောင် ဘာမှ မလုပ်တော့ပါဘူးနော်...... ကျန်ကျန့်ကြောင့် အလုပ်ပြုတ်သွားတော့ အလုပ်အသစ် ပြန်ရှာနေရတော့ ပင်ပန်းပြီး ဝန်ပိနေမှာစိုးလို့ ရတဲ့ အ လုပ်လေး လုပ်ပြီး အိမ်စရိတ်ကူပေးချင်လို့ လုပ်တာပါ...... ဟင့်ဟင့်..... ဘေးကလူတွေက ဟိုဘက်လမ်းမှာ အလုပ်ခေါ် ထားတယ်လို့ ပြောကြတာ ကြားလို့ သွားပြီး အလုပ်လျှောက် တာပါ..... yiboကို ပြောရင် မလုပ်ခိုင်းမှာ စိုးလို့ပါ...."

အသံလေး တိမ်သွားပြီးတော့ ခေါင်းလေးငုတ်ပြီး မျက်ရည် ကျရင်း ပြောနေတဲ့ ကလေးကို သူ တိတ်ဆိတ်စွာ ငေးကြည့်နေဆဲ ........

"yibo က အလုပ်ပင်ပန်းလုပ်ပြီး ကျန်ကျန့်လို အသုံးမကျတဲ့ လူပိုတစ်ယောက်ကို အလကားကျွေးထားရ တော့..... အားနာလို့ ပြီးတော့ အိမ်ပေါ်မှာ ရှုပ်တယ်ဆိုပြီး မောင်းထုတ်လိုက်မှာ စိုးလို့ပါ......"

ယုန်လေးအပြောကြောင့် ရင်ထဲ နင့်သွားမိတယ်...... တစ် ယောက်တည်း အတွေးတွေနဲ့ အထီးကျန်နေတဲ့ ကလေးကိုသူ ဆူမိလေခြင်းဆိုတဲ့ နောင်တ ဝင်လာတယ်....... ငိုနေတဲ့ ယုန်လေးကို ရင်ခွင်ထဲ ဆွဲထည့်လိုက်ပြီးတော့........

"ကိုယ်တောင်ပန်းပါတယ်........ကိုယ်မင်းဘက်ကို မတွေးလိုက်မိဘူး...... စိတ်ချ မင်းကို ဘယ်တော့မှ မောင်းမထုတ် ဘူး...... ပြီးတော့ ဆူတာက မင်းကို စိတ်ပူလို့ ဖြစ်သွားတာ...... တကယ်လို မင်း ထွက်သွားရင်တောင် ကိုယ်က ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး..... ပြီးတော မင်းကို ကိုယ် ဝန်ခံစရာရှိတယ်...... ကိုယ်မင်းကို ချစ်တယ် စတွေ့ထဲက ကိုယ်မင်း ကို ချစ်မိသွားခဲ့တာ...... အခုလို ပြောလို့ ကိုယ်လို့ လူမျိုးက သူဌေးသားကို မှန်းတယ်လို့ အထင်မသေးစေချင်ဘူး..... မင်းကို ကူညီထားလို့ ကိုယ်ကို ပြန်ပြီး အားနာလို့ ချစ်ရမယ်ဆိုပြီး မချုပ်ကိုင်ထားဘူး..... မင်းကိုယ်ကို စဥ်းစားပေးပါ...... အခု မဖြေချင်ရင်လည်း မဖြေလို့ရတယ် နောက်မှ စဥ်းစားပြီး ဖြေလို့ ရတယ်....... "

မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)Where stories live. Discover now