အပိုင်း (72)
ဘာစကား တစ်ခွန်း မှမပြောနိုင်ပဲ ရပ်နေတဲ့ ချင်းသခင်လေးကို......"ဘာလဲ မှန်သွားလို့ တိတ်သွားတာလား...... ဒါနဲ့ အခုရက် ပိုင်း ကျွန်တော် သတင်းတစ်ခုကြားမိတယ် ခင်ဗျားတို့ ချင်းကုမ္ပဏီကြီး အခြေအနေမကောင်းတော့ဘူးဆို လုပ်ငန်းထဲက ငွေတွေကို အပြင်ကို ထုတ်ပြီးသုံးနေတယ်ကြားတယ်....... အခုကော အဆင်ပြေသွားပြီးလား...... အော် တစ်မျိုးမထင်ပါနဲ့နော် ကျွန်တော်က လုပ်ငန်းရှင်ချင်းဆိုတော့ စိုးရိမ်လို့မေးနေတာပါ......"
ချင်းသခင်လေး ဒေါသအကြီးအကျယ်ထွက်သွားပြီးတော့....
"Wang Yiboမင်းနဲ့ မဆိုင်တဲ့ ကိစ္စကို ငါ့ကို လာပြီး အ ရှက်မခွဲနဲ့ ကုမ္ပဏီက ငါ့ဟာ ငါ့ကိစ္စကို မင်းဝင်မရှုပ်စမ်းပါနဲ့....... "
"ဟုတ်လား........ ကျွန်တော်နဲ့ မဆိုင်ပေမဲ့ ကျွန်တော်ဦလေးက ခင်ဗျားရဲ့ ကုမ္ပဏီမှာ ရှယ်ယာဝင်ထားတာလေ ပြီးတော့ ခင်ဗျားထုတ်ရောင်းထားတဲ့ ရှယ်ယာတွေကို ပြန်ပြီး ဝယ်ထားတာ အခုဆိုရင် သူရဲ့ ရှယ်ယာက ကုမ္ပဏီမှာ အများဆုံးဖြစ်နေလောက်ပြီ သူကိစ္စက ကျွန်တော် ကိစ္စပဲပေါ့......"
"မင်း...... မင်း....... ငါ့နောက်ကျော်ကို ဓားနဲ့ထိုးလိုက်တာပဲ...... ငါ့ကုမ္ပဏီကို အပိုင်းသိမ်းဖို့ကြိုးစားနေတာမလား...."
ချင်းသခင်လေး ပြောတာကို လှောင်ထေ့ထေ့ အပြုံးနဲ့ ရယ်လိုက်ပြီးတော့မှ......
"အာ...... စွတ်စွဲချက်တွေက ပြင်းထန်လိုက်တာ ခင်ဗျားက ထုတ်ရောင်းတယ် ကျွန်တော်က တန်ရာတန်ကြေးပေးပြီး ဝယ်တယ်..... ခင်ဗျာကလည်း ကျေနပ်တော့ ရောင်းတယ်..... ဒါကိုဘာလို့ ဒီလိုတွေးရတာလဲ ချင်းသခင်လေးရယ် စီးပွားရေးလောက မှာ ဒါတွေက ဖြစ်လေ့ဖြစ်ထတွေပါ လျင်တဲ့သူက စားစတမ်းပါပဲ...... သြော်... ပြောအုန်းမယ် ခင်ဗျာယူသုံးထားတဲ့ ငွေတွေအတွက် အခုနေတဲ့ ချင်းအိမ်တော်ကို ကျွန် တော်တို့ တရားရုံးကနေတဆင့် ထိမ်းသိမ်းလိုက်ပါမယ် ကျန်တဲ့ငွေကိုတော့ အိမ်ပေါက်စျေးကို ကြည့်ပြီး ပိုရင်ပြန်ပေးမယ် လိုရင်တော့ ထပ်ဆပ်ဖို့ပြင်ထားလိုက်ပါ......."
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...