အပိုင်း (75)
သူကို အခန်းတံခါးဆီပြေးရင်းနဲ့ လျှာလေးထုတ်ပြီး ပြောင်ပြပြီးတော့ ပြန်စွာနေတဲ့ ယုန်ပေါက်က......
"ဘာလို့ မလွတ်ရမှာလဲ ခြံထဲမှာ လူတွေကြီးပဲ အဲဲဒီကိုပြေးမှာပေါ့...... ကြောက်စရာလား ခင်ဗျာပြောတာတွေကို ကျန်ကျန့် တစ်ခုမှ မလုပ်နိုင်ဘူး...... အခုဆို ဦလေးလည်းရပြီး အ နိုင်ကျင့်လို့မရတော့ဘူးသိလား...... ဦးလေးကို သွားတိုင်လိုက်ရင်....."
သူဦလေးအားကိုးနဲ့ သူကို ပြန်ပြီကြောက်အောင် ပြောနေတဲ့ ကောင်လေးကို ကြည့်ပြီး သူရယ်မိတယ်.... ဘာပဲဖြစ်ဖြစ် ဒီကလေးအပူပင်ကင်းကင်းနဲ့ ရယ်မောပျော်ရွှင်နေတာကို တွေ့ရတော့ သူလည်းပျော်တယ်..... တဖြည်းဖြည်းနဲ့ သူကလေးကို အတိတ်က အကြောင်းတွေ သတိမရအောင်လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံ ကြည်မိတယ်.......
"အံမယ်လေး ကြောက်လိုက်တာ တိုင်လိုက်လေး မင်းကို အခန်းထဲက မထွက်နိုင်အောင် ကိုယ်လုပ်နိုင်တယ်.... ပြီးတော့ ကိုယ်ကိုပြောင်တယ်ပေါ့ လွတ်တယ်ဆို လုပ်လိုက်လေ ကိုယ်မိလို့ကတော့ နောက်မှ တောင်ပန်းပါတယ်လို့ မပြောနဲ့နော်.... ခုနက နမ်းရုံလေးပဲ အခုတော့ အတိုးပါတက်သွားပြီးနော် နောက်မှ မငိုနဲ့......"
သူကို နောက်နေတဲ့ ယုန်ပေါက်လေးကို ကြည့်ပြီး အပျော်တွေ ကူးလာတယ် ကလေးသာ ပျော်နေမယ်ဆို သူအရာအာလုံးကို လုပ်ပေးဖို့ အဆင့်သင်ပါပဲ...... သူကို ချိန်းခြောက်နေတဲ့ yiboအား.....
"မိရင်လာဖမ်းလိုက်လေ အိပ်ရာထဲကနေပဲ အော်မနေနဲ့ ကျန်ကျန့် တို့က မကြောက်တက်ဘူး...... ပြီးတော့ ခင်ဗျားကို အ ခုထိ မကျေနပ်ဘူး..... ဟွန့်....."
သူကို နှာခေါင်းလေးကို ရှုပ်ပြီးရန်ထောင်နေတဲ့ ယုန်လေးကို ကြည့်ရင်း ပြုံးလိုက်တယ် စွာနေတာများ ချစ်ဖို့ကောင်းလိုက်တာ.... သူအကြောင်း လိမ်ထားလို့ စိတ်ဆိုးပြေတဲ့ပုံ မပေါ်သေမှန်းသိသာနေတယ်...... ဒါပေမဲ့ ဘယ်လောက်စိတ်ဆိုးသူကတော့ ချော့ရမယ့် တာဝန် ရှိပြီးသားမို့ ကြိုက်သလောက် ဆိုးစမ်းပါစေ...... သူကတော့ ယုန်လေးကို မငြိုငြင်းပါ အ ချစ်တွေသာ ပိုပြီး တိုးလာတယ်လို့ ခံစားရတယ်.... အဲ့ဒီလောက်ထိ မင်းကငါဆိုတဲ့ Wang yiboကို ပြုစားနိုင်လွန်းတယ် ကလေးငယ်ရယ်.... ကိုယ်ကို မင်းက ဖျားယောင်း နိုင်လွန်းတယ်ဆိုတာ သိရဲ့လားကွာ... သူဒီလောက်တောင် ပြောနေတာတောင် yibo အေးအေး ဆေးဆေးဖြစ်နေတာကြောင့် ကျန်ကျန့် စိတ်ထဲနည်းနည်းလေး သံသယဝင်လာတယ်...... yiboမှာ အကြံစည်တစ်ခု ခုရှိနေတာမို့လို့ ငြိမ်နေတာလား.... ဒါမှမဟုတ် တစ်လျှောက်လုံး ဂရုစိုက်ခဲ့တာကို စိတ်ဆိုးနေတယ်ဆိုပြီး စိတ်မကောင်းဖြစ်သွားတာလား........ သူစိတ်ဆိုးသွားလို့ မလိုက်ရဲ့တာလား မသိဘူး..... ဒီလိုကျတော့ သူစတာလွန်သွားလားမသိဘူး..... အမှန်က yibo ချမ်းသာသည် ဖြစ်စေ ဆင်းရဲ့သည်ဖြစ်စေ သူအမြဲတစ် ယောက်တည်း ချစ်နေမှာကိုတော့ သိစေချင်တယ်.... ဒါပေမဲ့ အခုချိန်မှ ပြောရင် သူချစ်တာဟာ yiboရဲ့ ငွေတွေကြောင့်လို့တော့ ထင်သွားမှာ မလိုလားဘူး...... yiboက သူကို အရမ်းချစ်မှန်းသိပါတယ်.... သူကို အရမ်းလည်း အလိုလိုက်ပြီး ဘာအလုပ်မှ မလုပ်ခိုင်းပဲ အိမ်မှာထားတာတွေက သူကို ချစ်လို့ဆိုတာ နားလည်းတယ်..... ကျန်ကျန့် နားလည်းသလို yibo လည်း သူကို နားလည်စေချင်ပါတယ်..... ကျန်ကျန့် နားကနေ တစ်သက်လုံး မထွက်သွားပါနဲ့နော်...... တကယ်လို့ ထားသွားမယ်ဆိုရင်တောင် ကျန်ကျန့်က ကျေကျေနပ်နပ်နေခဲ့ပါမယ် yiboရယ်..... အခန်းတံခါးလေးနားမှာ တွေးတွေးလေးရပ်ပြီး အတွေးတွေနစ်နေတဲ့ ကောင်လေးကို ကြည့်ပြီးတော့ သူက ယုန်လေးရဲ့အတွေးကို မှန်ပေါ်ကကိုယ်မျက်နှာကိုကြည့်သလို ယုန်လေးကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတဲ့သူလေ ကျန်ကျန့်လေးတွေးနေတာကို သူအနီးစပ်ဆုံး တွေးနိုင်တယ်လေ.... ကုတင်ပေါ် က ထလာပြီးတော့ ယုန်လေးဆီ လျှောက်လာလိုက်တယ်..... သူလာတာမြင်မှ အတွေးထဲကနေ နိုးလာတဲ့ပြီး သတိဝင်သွားတဲ့ ယုန်လေးက အခန်းတံခါးကို လှည့်ဖွင့်လိုက်တော့သည်..... ကျန်ကျန့်က yibo လာတာ မြင်တော့ အခန်းတံခါးအပြင်ဘက်ရောက်အောင်အခန်း တံခါးကိုဖွင့်ပေမဲ့ မပွင့်လာတာကြောင့် မျက်နှာလေးပျက်သွားတော့တယ်...... တံခါးက မပွင့်တာကြောင့် စိတ်အိုက်နေမိတယ်......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...