အပိုင်း (64)
အသံနှင့်အတူ သူတပည့်ရဲ့ နောက်ကနေ ထွက်လာပြီး ပြောလိုက်တဲ့ သူကို မြင်ပြီး အံသြသွားတာကြောင့်....."ဟင်.... မင်း.....မင်း.... yibo မင်းဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ... ဒီနေရာကို သိဖို့ဆိုတာ မဖြစ်နိုင်တာ..."
"ဒုတ်"
"အား......."
သူ မေးနေတုန်းမှာပဲ သူတပည့်ရဲ့ လည်ပင် မေ့ကြောကိုလက် ဝါးစောင်နဲ့ ခုတ်ချလိုက်တာကြောင့် ထိုလူစကားတောင် မပြောနိုင်ပဲ အားလို့ အော်ပြီး မြေပြင်ပေါ်သို့ လဲကျသွားတာ ကို မြင်တော့မှ သူကြောင်နေရာမှ သတိဝင်လာပြီး........
"ဟိတ်....... လာကြစမ်း...... ဒီကိုလာကြစမ်း.... ဒီကောင်ကို လာပြီး ဆုံးမလိုက်...... "
သူလူတွေကို အော်ခေါ်နေတာကြောင့်.......
"အော်မနေနဲ့တော့ ခင်ဗျာလူတွေ ဒီကိုလာမှ မဟုတ်တော့ဘူး...... ခင်ဗျားခေါ်လည်း ကြားတော့မှမဟုတ်ဘူး သူတို့တွေ မှောင်ကုန်ကြပြီ......"
Yiboအပြောကြောင့် သူလန့်သွားမိကာ.......
"ဘာ...... ဘာပြောတယ် မင်းဘာပြောတယ်.... ငါ့လူတွေကို ရိုက်ရဲတယ်ပေါ့ မင်းထောင်ထဲ ဝင်သွားချင်လို့လား..... အခု ငါ့ရှေ့က ထွက်သွားစမ်း......"
"သွားဆိုရင်တောင် ငါ့က ရှောင်ကျန့်ကို ခေါ်သွားမှာ မင်း ဖယ်လိုက်တော့...... "
Yiboပြောလိုက်တဲ့ စကားကြားတော့ သူဒေါသထွက်မိတယ် ရှောင်ကျန့် ကို သူဝယ်ပြီးပြီကို ဘာလို့ ပြန်ပေးမှာလဲ......
"ဘာကွ...... မင်း သူ့ကို ပြန်ရဖို့ မစဥ်းစားနဲ့တော့ သူအဖေ
ကိုယ်တိုင် သူသားကို ပိုက်ဆံနဲ့ ရောင်းစားလိုက်တာ ငါ့ကငွေ ချေပြီးပြီး ဒါကြောင့် ရှောင်ကျန့်က ငါ့အပိုင်ပဲ သူရဲ့ အကုန် လုံးကို ငါ့ပဲပိုင်တယ် မင်းထွက်သွားလိုက်တော့......"ပြောပြီး yiboကို အလစ်မှာ ဝင်ထိုးလိုက်တယ် သူထက်လျင်မြန်တဲ့ yiboကြောင့် လေကိုသာ ထိုးမိသွားတော့တယ်......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...