အပိုင်း(6)
အရှူးကြီးက မေ့မျောနေတဲ့ ကောင်လေးကို အရုပ်တစ်ရုပ်လို ကိုင်ထားတာ လုံးဝ မလွှတ်ပေးတော့ သူဒေါသကထိန်း လို့မရပေ .......
"ခွပ်......ခွပ်......"
"အား........"
မျက်လုံးထဲမှာ အရှူး တွေဘာတွေ မရှိတော့ဘဲ ဆွဲထိုးချလိုက် မှ အသားနာ သွား လို့ထင် လန့်ပြီးတော့ ကောင်လေးကိုလွှတ်ချ လိုက်တော့တယ်...... မြေပေါ်မကျမှီကောင်လေးရဲ့ ကိုယ် လေးကို ဖမ်းလိုက်ပြီး ပွေ့ချီလိုက်တယ်....... ပြီးတော့ ထိုနေ ရာမှ ထွက်လာခဲ့လိုက်တယ်........ အရှူးကတော့ ထပ်ပြီး မကပ်ရဲတော့ပဲ ကျန်ခဲ့တော့တယ် သူအိမ်ကိုပဲ ခေါ်သွားလိုက် တယ်......... သူအဝတ်အစားတွေက ကြီးပေမဲ့ ရေစိုနေတဲ့ အဝတ်အစားဝတ်ထားတာထပ်စာရင်း အဆင်ပြေမှာမို အဝတ်အစားတွေ လဲပေးပြီး နွေးနွေး ထွေးထွေးလေး ထားပေးလိုက်တယ် သူ အိမ်က စုတ်ပေမယ် အပြင်မှာ နေတာထက်စာရင် မဆိုးလှ ပေ....... အခုမှသေချာကြည့်မိတာက.......
"ဟင်...... ချစ်စရာလေးပဲ......"
ဒါကြောင့် အရှူးက လိုက်ပြီး ဆွဲနေတာ တကယ်ကြွေရုပ်လေး တစ်ရပ်လို အပြစ်ပြောစရာ မရှိတဲ့ ကောင်လေးပါ နှုတ်ခမ်း အောက်က မှည့်လေးပါရှိနေ တော့ ဒီကောင်လေးက ပိုပြိး ချစ်စရာကောင်းသွားလေ တယ်....... ဒီလိုကလေးမျိုးကို ည ကြီးအချိန်မတော် အပြင်မှာရှိနေတာ သူမိဘတွေက စိတ်မပူ ကြဘူးလား......... သူလို တစ်စိမ်းတောင် မြင်မြင်ချင်း စိတ် ပူတာ ကောင်လေးမိဘတွေကကော ဘယ်လိုတွေပါလိမ့်...... စကားမပြောတက်တာကကော မကုပေးကြဘူးလား..... တစ်ညလုံး ထိုကောင်လေးရဲ့ အကြောင်းတွေ စိုးမိုးနေပြီမှ ညလယ်လောက်ကျတော့ ကောင်လေးကို ထပ်ပြီးကြည့်လိုက် တော့ အသက်ရှုမှန်မှန်လေးနဲ့ နှစ်ခြိုက်စွာ အိပ်ပျော်နေလေ တော့တယ် ခေါ်လာတုန်းက အေးစက်နေတော့ အအေးမပတ်အောင် ဂရုစိုက်ရသေးတယ် သူတို့ လို့ ဆင်းရဲသားတွေ စုနေတဲ့ ရပ်ကွက်မှ ညအချိန်မတော်ဆို ဘာဆေးမှ ရမည်မဟုတ်ပေ ဆရာဝန်ကလည်းမရှိပေ ဒါကြောင့် ကောင်လေးဖျားမှာအခြေအနေကို စောင့်ကြည့်နေတာ ပါ..........
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...