အပိုင်း(39)
အမှန် ပြောရရင် ကောင်လေးက ချစ်စရာလေးပဲ ပြောမယ်ဆို စုရင်း ထက်တောင် ချစ်ဖို့ကောင်းလိုက်တာလို့ စိတ်ထဲက ပြောနေမိတယ်....... မျက်ရည်လေးတွေဝဲနေတဲ့ ပုံစံလေးက ပိုပြီး သူကို ရင်ခုန်စေတယ်...... စုရင်းသာအနားမှာ မရှိရင် ဒီကောင်လေးကို ခေါ်သွားမှာ သေချာတယ်...... ပျောက်သွားတဲ့သူကတော့ ဘယ်လောက် ရင်နာ လိုက်မလဲ...... သူစိတ်ထဲမှာ တွေးမိလိုက်တာဖြစ်သည်........
"မမစုရင်း ကျွန်တော်ကို လွှတ်ပေးပါနော် အခုဖြစ်တဲ့ ကိစ္စကို ဘယ်သူမှ မပြောပါဘူး တောင်ပန်းပါတယ်........ ရှောင်အိမ်တော်နဲ့ ပတ်သတ်ပြီး ဘာမှလည်း မယူထားပါဘူး..... ရှောင်အိမ်တော်နဲ့လည်း ကျွန်တော် လာပြီး မပတ်သတ်ဘူး....... ဘာကြောင့် ကျွန်တော်ကို ပြဿနာရှာရတာလဲ.........."
"အေး..... ငါ့က နင့်ကို ဆင်းရဲ့တဲ့ဘဝမှာ ငတ်ပြတ်နေတာ မျိုးလိုချင်တာ...... အခုတော့ နင်ကတော့ ပျော်ရွှင်နေတယ် ငါ့တို့အိမ်မှာတော့ အမေနဲ့ အဖေကအလုပ်တွေ ရှုပ်ပြီးနေကြတော့..... ငါ့ကိုကြတော့ ဂရုမစိုက်ဘူး...... နင့်ကတော့ ပျော်ရွှင်ပြီး သာယာနေတာ ငါ့မကျေနပ်ဘူး......."
ဒေါသထွက်နေတဲ့ စုရင်းက ရှောင်ကျန့်ကို မြင်လေ ပိုပြီး ဒေါ သပေါက်ကွဲမိတယ်....... စကားပြောနေရင်းနဲ့ ရှောင်ကျန့်ရဲ့ လက်ကလေးပေါ်က မျက်လုံးရောက်သွားမိတော့ လက်စွပ်ကလေး ကိုတွေ့လိုက်တော့...... အစစ်မဖြစ်နိုင်မှန်းသိပေမဲ့ အဲဒီလို ဝတ်ထားတာကိုတောင် မကျေနပ်နိုင်ပေ........ အ ဝတ် အစားဆိုလည်း ဆွယ်တာအဖြူလေးကို ဝတ်ထားတဲ့ အတွက် လရောင်အောက်မှာတောင် ချစ်စရာကောင်းနေတယ် ဟိုကောင်လေးက ပြည့်စုံအောင်ထားပေးထားတဲ့ ပုံကြောင့် သူမရဲ့ဒေါသစိတ်တွေက ရှောင်ကျန့်ရဲ့ လက်ပေါ်က လက်စွပ်ဆီကို ရောက်သွားတော့တယ်......
"ဟင်းဟင်း...... နင့်လက်က လက်စွပ်က လှသားပဲ ငါ့ကိုပေးစမ်း နင့်လိုဘာမဟုတ်တဲ့ အစုတ်ပလုတ်ကောင်နဲ့ မလိုက်ဖက်ပါဘူး......"
"ဟင်အင်း.... ကျွန်တော်မပေးနိုင်ဘူး..... ဒါလေးက yibo လုပ်အားခလေးတွေ စုပြီး ဝယ်ပေးထားတာပါ..... ပြီးတော့ လက်စွပ်က အတုပါ..... မမစုရင်းအတွက်ဘာတန်ဖိုးမှ မရှိပါဘူး..... "
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Фанфікиအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...