မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး(U+Z)

3.2K 216 17
                                    

အပိုင်း (49)

ရှောင်သခင်ကြီး မေးနေတာကို သူမ မမြင်အောင် တစ်ဖက်လှည့်ပြီး မထေ့တထေးလှောင်ရယ်လိုက်ပြီး ဒီဘက်လှည့်လိုက်တော့ ညိုးငယ်နေတဲ့ မျက်နှာလေးဖြစ်အောင် ဟန် ဆောင်လိုက်ပြီးတော့.......

"ဟင်းဟင်း....... ဟုတ်တယ် ကျွန်မ သတ်လိုက်တာ ရှောင်သခင်မကြီးက သမီးလေးကို ရှင့်သမီး မဟုတ်ဘူးလို့ ဖွင့်ပြောမယ်လို့ ကျွန်မကို ခြိမ်းခြောက်ပြီး ပြောလာတယ်...... ကျွန်မ သမီးအတွက်ကြောင့် အမေကို မတော်တဆ သတ်မိသွားတယ်...... ကျွန်မသတ်တာ သိသွားမှာစိုးတာကြောင့် ပုန်နေတုန်း ကျွန်မအစား ချိန်မေက အပြစ်ခံသွားတာ..... ဟင့်ဟင့်......ကျွန်မတောင်ပန်းပါတယ် ထောင်မကျချင်ဘူး ကူညီပါအုန်း အစ်ကိုရယ်...... ဟင့်ဟင့်.....အစ်ကိုအမေကို သတ်လို့ ညီမကို မုန်းသွားပြီးလာ အစ်ကိုရယ်..... မမုန်းလိုက်ပါနဲ့ ဟင့်ဟင့်...... "

ရှောင်သခင်ကြီး ရှေ့မှာတမင် မျက်ရည်ကျပြလိုက်တယ်..... ဒါပေမဲ့ ရှောင်ကျန့်က ရှင့်သားဖြစ်တယ်ဆိုတာတော့ တစ် သက်လုံး ရှင်မသိစေရဘူး...... လုံးဝ မသိစေရဘူး...... သူမ စိတ်ထဲမှာ ကျိန်းဝါးလိုက်ခြင်းဖြစ်တယ်...... အပြင်ဘက်မှာ တော့ သနားအောင် ငိုပြနေမိတယ်..... ရှောင်သခင်ကြီးက ငိုလိုက် ရယ်လိုက်ဖြစ်နေတဲ့ ဇနီးသည်ကို သနားသွားမိတယ်.... အမှုအတွက် သူသာထိထိရောက်ရောက်ကူညီပေး မယ်ဆိုရင် သူမ လူသတ်မှုက နှစ်အနည်း ငယ်သာ ကျသွားနိုင်တယ်..... ဒါကို သိနေတဲ့ ကျစ်ကျစ်ကလည်း ရှောင်သခင်ကြီးသနားအောင် တမင်လုပ်ပြနေခြင်း ဖြစ်သည်.......

"စိတ်မပူနဲ့ အစ်ကို မင်းအတွက် ရှေ့နေနဲ့ တိုင်ပင်ကြည့်လိုက်မယ်....... "

ဇနီးအတွက် စိတ်မကောင်းဖြစ်မိတာကြောင့် စခန်းမှုးကို မေးလိုက်တော့ တစ်ဖက်က သက်သေခိုင်လုံစွာနဲ့ တရားစွဲထားကြောင်း ရှောင်သခင်မကြီးသတ်မှုနဲ့ မစွဲရင်တောင် ရှောင်ကျန့်ကို သတ်ရန်ကြံစည်းမှုနဲ့ တရားစွဲထားတာမို့ သူတို့လည်း လွတ်ပေးလို့ မရလို့ပါဆိုပြီး ပြောတယ်..... တကယ်လို့ တ ရားစွဲထားတဲ့ သူနဲ့ ညှိမယ်ဆိုရင် တဖက်က ကျေအေးပေရင်လည်း လူသတ်မှုက လွှတ်ပေးလို့မရပါဘူးလို့ ပြောလိုက်တာကြောင့် အာမခံနဲ့တောင် ထွက်လို့မရပါဘူး..... ​သူရှောင်ကျန့်နဲ့ သွားငြိနှိုင်းမှ ရမယ် သူအိမ်ပြန်လာပြီး ဇနီးအတွက်ဘာလုပ်ပေးနိုင်မလဲ စဥ်စားနေမိတယ်...... ရှောင်ကျန့်သာ ကျေ အေးပေးမယ်ဆိုရင် ဇနီးသည် ပြန်လွယ်မှာပဲ...... သူဇနီးရဲ့ သတင်းကြောင့် ရှောင်ကုမ္ပဏီရဲ့ ရှယ်ယာလည်း ထိုပြီးကျသွားကာ လုပ်ငန်းကို တော်တော် ထိခိုက်သွားတယ်..... သူ ကုမ္ပဏီ အခြေအနေ သိပ်မကောင်း မှန်းသိတော့ ရှယ်ယာရှင်တော်တော် များများ ရှယ်ယာတွေ ပြန်ထုတ်သွားကြတော့ ရှောင်လုပ်ငန်းကြီး တော်တော် အခြေအနေ ဆိုးရွာလာတယ်.... ရှောင်သခင်ကြီး အလုပ်မလုပ်ပဲ သောက်စားမူယစ်ရင်းနဲ့ အချိန်ကုန်နေတယ်..... အတွင်း ပစ္စည်းများရောင်းပြီး ကုမ္ပဏီရဲ့ အကြွေးတွေကို ဆပ်ဖို့ ရှောင်ကျန့်ဆီကနေ မတ ရားသိမ်းယူထားတဲ့ ရှောင်ကျန့်မိခင်ရဲ့ လက်ဝတ်ရတနာကို ရောင်းဖို့ လုပ်တော့ လက်ဝတ်ရတနာတွေက အတုတွေဖြစ်နေတာကြောင့် သူ့သူငယ်ချင်းက ပစ္စည်း စစ်ဆေးရင်းပြောတော့ ဇနီးသည်က လက်ဝတ်ရတနာကို အတုနဲ့ လဲပြီး အစစ်တွေကို ရောင်းပြီး ငွေတွေသုံးထား ကြောင်းသိလိုက်ရတယ်...... သူမေးတော့လည်း ဇနီးသည်က အမှန်အတိုင်းဖြေပေးရှာကာ.......

မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)Where stories live. Discover now