အပိုင်း (16)
တစ်ချိန်လုံး ငြိမ်ပြီးပွဲ ကြည်နေရာမှ ချင်းသခင်လေးကရှောင် သခင်ကြီးအား ပြန်တော့မည် ဖြစ်ကြောင်းနှုတ်ဆက်လိုက်ကာ ........
"ကျွန်တော်နောက်တစ်ခါမှပဲ ထမင်းလာစားတော့မယ် ဒီနေ့ တော့ ပြန်လိုက်ပါဦးမယ်နော်......."
ရှောင်သခင်ကြီးက ချင်းသခင်လေးနှုတ်ဆက်မှပဲ သတိရတော့တယ်....
"အား..... ဟုတ်သားပဲ ကျွန်တော် သခင်လေးကို မေ့သွား တာ ဒီရှောင်ကျန့်ဆိုတဲ့ ကောင်လေးက ပြောရဆိုရ လက် ပေါက်အရမ်းခတ်တာ သခင်လေး စိတ်မကွက်စေချင်ဘူး သခင်လေးလာမှပဲ ဒီပြဿနာဖြင့်ရတာဆိုတော့လေ.... ဒီကောင်လေး ခြေလှမ်းပျက်နေတာ ကြာပြီ အခုမှ ပေါ်တော့ တယ် သူက ရည်းစားရနေတော့ ကျွန်တော်တို့ ကျွေးမွေးတဲ့ ကျေးဇူးကို မထောက်ပဲ လုပ်ရက်နေတာ...... တော်တော် ခံ ပြင်းလွန်းလို့ ဒေါသထွက်သွားတာပါ သခင်လေးကိုတော့ အားနားပါတယ်ဗျာ........."
သူတမင် ရှောင်ကျန့်ကို မကောင်းမြင်သွားအောင် ပြောလိုက် ခြင်း ဖြစ်သည် ဘာပဲဖြစ်ဖြစ် ရှောင်ကျန့်ကို အတင်း အကျပ် လက်ထပ်ခိုင်းလိုက်တာဟာ သခင်လေးနဲ စည်းတားထာသလို ဖြစ် စေကာ မပတ်သတ်အောင် လုပ်လိုက်နိုင်ပြီး မာယာများတဲ့ အဲဒီ ကောင်လေးကြောင့် သခင်လေး စိတ်ပါသွားပြီး သမီးဖြစ် သူကို ငြင်းလိုက်ရင် သူသည်လည်း စီးပွားရေးလောကမှာ မျက်နှာ မပြရဲ့တော့ ပေ.......သမီးလေးလည်း အရှက်ကွဲပြီး မျက်နှာငယ်ရမှာ ကို မလိုလာပေ....... ဒါကြောင့် ရှောင်ကျန့် အတွက် သူအမေထားခဲ့တဲ့ လက် ဝတ်ရတနာတွေ အခန်းထဲမှာ ရှိတာသိတယ်........ ရှောင်ကျန့်ရဲ့ ပစ္စည်းတွေမှန်းသိပေမဲ့ မပေးနိုင်ပေ..... ဆင်းရဲ တဲ့နေရာမှ ဘဝကို ရုန်းကန်းပြီး နာကျင် ခံစားရတာမျိုးကို လိုချင်တာ....... သူလို ကောင်လေးကို ဘယ်သူက ရှာ ကျွေးမှာလဲ စကားပြောတက်ပေမဲ့ ဘာမှ ကောင်ကောင်း မလုပ်တက်တဲ့ သူကို ဘယ်သူက ကြာကြာ စိတ်ရှည်သီးခံမှာ လဲ မျက်နှာကလေး လှတာပဲ ရှိပြီး ပျော့ညံလှတဲ့ ကောင်လေး မို့ ကြာရင် သူကို ပစ်သွားမှာ အသေချာပေ........ ခံလိုက် စမ်း မင်းအမေက ဆင်းရဲမှာ ကြောက်လို့ ငါ့ကို လက်ထပ်ခဲ့ တာ ဒါကြောင့် နင့်သားကို လည်း နင့်မရောက်ခဲ့တဲ့ ဘဝကို ပို့ပေးတာ....... ဘာပဲဖြစ်ဖြစ် သူ လက်စားချေခွင့်ရတာ သူ ဝမ်း သာတယ် ဒါပေမဲ့ မျက်နှာမှာတော့ စိတ်မကောင်း ဖြစ်နေတဲ့ အငွေ့အသက်တွေ ပေါ်အောင်လုပ်ထားတယ်........သားတစ်ယောက်လိုချစ်တဲ့ သူကို ဆုံးရှုံးလိုက်ရသလိုခံစားရတဲ့ ခံစားချက်ကို သရုပ်ဖော်ပြ ထားတာများ အပိုအလိုမရှိစေရ ဘေးကသူကြည့်ရင်တောင် သနားစရာကောင်းလိုက်တာလို့ ပြောလိုက်မည်ပုံစံမျိုး........
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Фанфикအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...