အပိုင်း (59)
ရှောင်မုတ်ကြင် ပြောနေတာကို သဘောမတူနိုင်ကြောင်းခေါင်းခါလိုက်ပြီးမှ......"ကျွန်တော် လက်မခံနိုင်ဘူး...... ပြီးတော့ ခင်ဗျားကျွေးမွေးတာကို ကျွန်တော်မှာ ဆပ်သင့်သလောက်ဆက်ပြီးပြီး အမေ့ရဲ့ အမွေတွေကိုလည်း အကုန်ပေးခဲ့ပြီးပြီး......ပြီးတော့ အခု ခင်ဗျာနေတဲ့ ရှောင်အိမ်တော်နဲ့ ရှောင်လုပ်ငန်းစုတွေက အမေပိုက်ဆံတွေနဲ့ ပြန်ပြီးလည်ပတ်အောင် လုပ်ထားတာ.... ဒီလောက်ယူပြီးတော်တော့ပေါ့ ထပ်ပြီး ကျွန်တော်ကို ဒုက္ခမပေးပါနဲ့တော့..... အမေ ပစ္စည်းလေးကို ကျွန်တော်ကို ပေးပါ...... ပြီးတာနဲ့ ကျွန်တော်ခင်ဗျာနဲ့ ဘယ်တော့မှ လာမပတ်သတ်တော့ဘူးလို့ ကတိပေးတယ်........"
ရယ်စရာ ပျက်လုံးတစ်ခု ကြားသလို ရှောင်ကျန့်ကို ကြည့်ပြီးရယ်နေပြီးတော့မှ......
"ဟုတ်တယ် ပစ္စည်းတွေ အကုန်လုံးပေးခဲ့ပေမဲ့ မင်းပေးသမျှ ပစ္စည်းတွေ အကုန်လုံးကို ငါ့မိန်းမ နဲ့ သမီးလုပ်လို့ အကုန် ကုန်သွားပြီ ကျန်တာဆိုလို့ ငါ့မှာ အကြွေးတွေပဲ ကျန်တော့တယ်....... ရှောင်အိမ်တော်က သားတစ်ယောက်အနေနဲ့ မင်း အကြွေးဆပ်ပေးရမယ်...... မင်းမှာ ငါ့ကို ငြင်းပိုင်ခွင့်လုံးဝမရှိဘူး ငါ့အဖေတစ်ယောက်အနေနဲ့ အမိန်ပေးတယ်...... မိဘစကားကို သားသမီးတိုင်း နားထောင်ရမယ်...... ဘာမှ ပြောပိုင်ခွင့် မရှိဘူး ရှောင်ကျန့်...... မင်းရဲ့ တာဝန်က ရှောင်အိမ်တော်တည့်တံဖို့အတွက် ဆက်လက်ထိန်းသိမ်းရမှာပဲ...... ပြီးတော့ yiboဆိုတဲ့ မွဲတေနေတဲ့ ကောင်ကို မေ့ပစ်လိုက်တော့....... "
သူပြောတာကို ကောင်းကောင်းနားထောင်ချင်ပုံမရတဲ့ ရှောင်ကျန့် က......
"ကျွန်တော်မမေ့နိုင်ဘူး...... ပြီးတော့ ငယ်ငယ်လေးထဲက အခုထိ ခင်ဗျားက ကျွန်တော်ကို သားတစ်ယောက် လိုဆက် ဆံပေးဖူးလို့လား.......ကျွန်တော်အမေကိုလည်း ဖိအားတွေ ပေးပြီး သေအောင်လုပ်ခဲ့တယ်...... အဖေတစ်ယောက် အနေ နဲ့ သားအပေါ် စာနာပြီး တစ်ခါလောက် ရှက်ပေးပါလား...... အမေကို ရှေ့မှားထားပြီး မယားငယ်နဲ့ ပျော်ပါးနေပြီး အမေကို အခိုင်းအစေသာသာလောက်ပဲ ထားခဲ့တယ်..... ပြီးတော့ အခု ရှောင်လုပ်ငန်းစု ဆိုတာက အမေရဲ့ ပိုက်ဆံတွေနဲ့ ဆက်ပြီး လည်ပတ်နေတဲ့ အရာပါ ခင်ဗျာယူထားတဲ့ မိန်းမနဲ့ သမီးသုံးဖြုန်းတယ်ဆိုတာတော့ ကိုယ်အသုံးမကျလို့ ဖြစ်တာလေ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး......တာဝန်လည်း မယူနိုင်ဘူး.... မက်လည်း မမက်ဘူး.......... အခုတောင်းတာက ကျွန်တော်မေမေရဲ့ ထားခဲ့တဲ့ နောက်ဆုံးပစ္စည်းလေးပေးပါ..... ခင်ဗျာအတွက် အဖိုးမတန်ပါဘူး......"
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...