အပိုင်း (32)
ရှောင်သခင်ကြီးက သူမတို့ပြောတဲ့ စကားကို မကြားတာသေချာတော့မှ မျက်နှာကို ပြင်လိုက်ကာ ဆွဲမက်ဖွယ်ပြုံးလိုက်ပြီးတော့ ......
"အစ်ကို ပြန်လာတာ လာကြိုမို့ပဲ ဒါပေမဲ့ အန်ကယ်က အိမ်အတွက် လက်ဆောင်ပစ္စည်းလေးတွေ သွားဝယ်ပေးပါဆိုပြီး အကူအညီလာတောင်းနေတာ အစ်ကိုရဲ့......."
ချစ်ဇနီးက သူစိတ်ဆိုးမှာ စိုးလို့ ရှင်းပြနေတာကြောင့် သူစိတ် ရှည်စွာ ပြုံးလိုက်ကာ........
"ရပါတယ် ချစ်လေးရဲ့ ကိုယ့်ကို ရှင်းပြစရာ မလိုဘူး... ကိုယ် နားလည်းပါတယ်..... "
ဇနီးသည်ရဲ့ ပါးလေးကို ဖွဖွလေး ချစ်စနိုးဆွဲလိုက်ပြီးတော့...
"အန်ကယ် ကျွန်တော်တို့ အခန်းထဲ သွားလိုက်ဦးမယ်နော်.....
ပြောစရာရှိသေးလား ညီမပါ ခေါ်သွားလိုက်ဦးမယ်နော်.....""အေးအေး...... သွားပါ အန်ကယ်လည်း အခုပဲ အပြင်သွားတော့မှာမို့ သွားကြပါ......"
ဟန်ဆောင် ရယ်မောပြီး ထွက်သွားတော့တယ်.......
အခန်းထဲရောက်တော့......
"အစ်ကို ခဏနားနေဦနော် ညီမ အစ်ကိုအတွက် သံပုရာလေး သွားဖျော်လိုက်ဦးမယ်နော်......."
"မလိုပါဘူး..... ညီမရဲ့ မျက်နှာလေးကို မြင်ပြီးကတည်းက အစ်ကို အမောလေးပြေသွားပြီးသွားမယူနဲ့တော့ ချစ်လေးရဲ့....... "
"ဟွန့်..... အစ်ကိုကလည်း မြှောက်နေပြန်ပြီနော်....."
နှာခေါင်းလေးကို တွန့်ပြီး အမူယာပိုစွာ ပြောလိုက်တဲ့ ဇနီကို ကြည့်ပြီး ရယ်မိတယ်........
"ဒေါက်......ဒေါက်..... ဒယ်ဒီ သမီးပါ"
အခန်းတံခါးခေါက်သံကြောင့် နှစ်ယောက် သားပြောလက် စ စကားများရပ်သွားပြီးမှ ......
"ဝင်ခဲ့လေ သမီးရဲ့ ခွင့်တောင်းနေရသေးတယ်......"
ရှောင်သခင်ကြီးက ပြောပြီး ပြုံးနေလေသည် ....... ဝင်လာတဲ့ သမီးဖြစ်သူ ရဲ့ ပခုံးလေးကို သူမ ဖက်ပြီးတော့......
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...