အပိုင်း (63)
သခင်လေးက ဝမ်အိမ်တော်ကို ပြန်မလာတာကြာပြီ.... အခုမှ ပြန်လာပြီး ခေါ်လာတဲ့ ကောင်လေးကို တော်စိုးရိမ်နေတဲ့ ပုံစံကြောင့် အဲဒီ ချောချောကောင်လေးက သခင်လေးနဲ့ ပတ်သတ်နေတဲ့ သူ ဒါမှမဟုတ် သခင်လေးအတွက် အရေးကြီးတဲ့ သူတစ်ယောက် ဖြစ်လိမ့်မယ်..... ဆရာဝန်ရောက်လာတော့ သခင်လေးမှာထားတဲ့အတိုင်း ဆရာဝန်ကို သခင်လေးရှိရာ အခန်းဆီသို့ ခေါ်လာပြီး အခန်းရှေ့ရောက်တော့......
"ဒေါက်.....ဒေါက်...... သခင်လေး ဆရာရောက်ပါပြီ......"
"အထဲကို လွတ်လိုက် ...... ပြီးရင် မင်းတို့ သွားတော့......"
အခန်းထဲက လှမ်းပြောတဲ့ သခင်လေးကြောင့်.....
"ဟုတ်ကဲ့..... သခင်လေး....."
အလုပ်သမားလေးက သူကိုထားခဲ့ပြီး ပြန်ထွက်သွားတော့....
သူသခင်လေး အခန်းထဲ ဝင်လာလိုက်တယ်..... ဟိုတစ်ခါ တွေ့ဖူးတဲ့ ကောင်လေးပဲ အိပ်ယာလေးပေါ်မှာ အရုပ်ကလေးတစ်ရုပ်ချထားသလို ကုတင်ပေါ်လေးမှာ ငြိမ်သက်စွာရှိနေပြီး သခင်လေးကတော့ ကုတင်ဘေးမှာ စိုးရိမ်နေတဲ့ မျက်နှာဖြင့် ကောင်လေးကို ကြည့်နေပြီး ထိုကောင်လေးရဲ့ လက်ကလေးကို ကိုင်ပြီး ရှိနေတာလျက်......"ကျွန်တော်ကလေးကို ကြည့်ပေးပါဒေါက်တာ အခုထိသတိမရသေးဘူး....."
သူကို မြင်တာနဲ့ ဟန်တောင်မဆောင်နိုင်ပဲ စိုးရိမ်းတကြီးဖြင့် ပြောလာတဲ့ သခင်လေးကြောင့်......
"ဟုတ် သခင်လေး...... ကျွန်တော်ကြည့်ပေးပါမယ်....."
ဒေါက်တာ စမ်းသတ်နေတာမို့ ခဏငြိမ်လိုက်ပေမဲ့..... ယုန်လေးဘေးနားမှာ လက်ကလေးကိုင်ထားဆဲဖြင့် ဒေါက်တာပြောလာမဲ့ စကားကို စောင့်နေလျက်........
"သခင်လေး ဘာမှမဖြစ်ပါဘူး......... မေ့ဆေးအရှိန်ကြောင့် အိပ်ပျော်နေတာပါ ကျန်တာအားလုံးဘာမှမဖြစ်ပါဘူး ကျွန် တော် စစ်ဆေးပြီးပြီးပါပြီ သခင်လေးစိတ်ချပါ...... မေ့ဆေး ပျယ်သွားရင် နိုးလာပါလိမ့်မယ်သခင်လေး......."
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...